U+Z
ဂရုနှစ်ခုမှာ သူတို့နှစ်ယောက်လုံးပါဝင်နိုင်ဖို့ အာဏာကလုပ်နေပြီး အသင်္ချေကတော့သူတို့အိမ်ထောင်ရေးကို ဖျက်ဆီးချင်နေတဲ့သူကိုရှာနေသည်။ Beloved floral ဘက်ကိုပေးခိုင်းတဲ့သူစုံစမ်းတော့ ဘယ်လိုမှမအပ်စပ်တဲ့သူ။ ထိုလူမဟုတ်ပဲ တခြားတစ်ယောက်ဆိုတာ သူတို့သိနေတာခက်တယ်။ Beloved Floral ကနေပို့တဲ့သူကိုလည်း သွားစစ်မေးတာမျိုးမလုပ်ချင်။ ကိုယ့်ပိုင်နက်အရပဲရှာဖွေမှုကိုလုပ်ရမှာ။
"သတိုး"
......
"မင်းကလဲကွာ စိတ်ကောက်မနေတော့နဲ့ ငါ့ကိုတစ်ခုစုံစမ်းပေးအုန်း"
......
"အေး နောက်မှဆက်ကောက် ဒါအရင်စုံစမ်းပေး"
အမှန်ဆိုသူလည်းအားနေတာမဟုတ်။ လက်ရုံးကိုတစ်ယောက်ထဲပစ်ထားလို့မရ။ ဟိုဘက်နဲ့ဒီဘက်လုပ်ငန်းစုမှာ သူတို့ရှယ်ယာဝေခွဲထည့်ပြီး အုပ်ချုပ်မှုကိုနှစ်ယောက်ယူဖို့က သူပါအစည်းအဝေးတက်မှဖြစ်မှာ။ အုပ်ချုပ်မှုပြောင်းလဲတာကိုသူ မပါလို့လည်းမဖြစ်။
"လက်ရုံး"
"ချေ လိုက်လာတာလား"
"အစည်းအဝေးရှိတယ်ဆို"
သူ့အခန်းထဲ တံခါးမခေါက်ပဲဝင်လာလို့ရတာဆိုလို့ ဒီတစ်ယောက်ပဲရှိတာဖြစ်ပြီး တံခါးပွင့်သွားထဲက ချေလိုက်လာတာလို့သိတော့သိလိုက်သည်။ သူတို့ကြားဝင်နှောက်နေတဲ့သူကိုရှာနေတာနဲ့ ဒီဘက်ကိုမလာနိုင်ဘူးထင်နေတာ။ ဒါပေမယ့် အခုမြင်လိုက်ရမှ သူ့အိမ်သားလေးအပြောင်းအလဲလုပ်လာတာကိုပါ သိလိုက်ရသည်။ ဒါပေမယ့် ဘာလို့များလုပ်လိုက်ရတာလဲ။
"ဆံပင်ဘာဖြစ်လို့ညှပ်လိုက်တာလဲ"
နည်းနည်းပုံသွင်းတာမဟုတ်ပဲ အတိုကိုလုံးဝညှပ်ကချလိုက်တာ။ နားရွက်ပေါ်ကိုအထိညှပ်လိုက်တာဖြစ်ပြီး သူထားနေကြပုံစံနဲ့မတိမ်းမယိမ်းပုံစံဖြစ်သွားသည်။
"ဟိုခွေးဆံထိုးကို ထိုးမိသွားလို့"
အဲ့ဒါသာကြည့်။ စိတ်ဆိုးပေမယ့် ချေ့လောက်တော့အာဏာကမဖြစ်။ သူတို့ကြားဘယ်သူဝင်နှောက်ယှက်နှောက်ယှက် ဘာမှဖြစ်မလာဘူးဆိုတာ သူတို့နှစ်ယောက်သိသည်။ ဒါပေမယ့် အိမ်သားလေးကတော့လုံးဝလက်မခံပဲ ဆံပင်တွေပါညှပ်ပစ်လိုက်တဲ့အထိလုပ်ပစ်လိုက်၏။ သူ့စားပွဲရှေ့ကဆိုဖာမှာဝင်ထိုင်တော့ အာဏာနေရာကထသွားကာနောက်ကနေပုခုံးကိုသိုင်းဖက်ရင်း ပါးကိုနစ်ဝင်အောင်နမ်းလိုက်သည်။
ESTÁS LEYENDO
အသင်္ချေ U+Z [Complete]
Fantasía22 ပုဒ်မြောက် Start - 29 June 2023 Pic - from Pinterest လက်ရုံးအာဏာ ကမ္ဘာရင့်သင်္ချေ