Chapter(1)💛

2.6K 54 0
                                    

ကော်ဖီဆိုင်ရဲ့မှန်တံခါးများဆီသို့ ဇွန်လရဲ့မိုးစက်ကလေးတွေလာရောက်ထိမှန်နေခြင်းအားငေးကြည့်နေမိသည့်ကောင်မလေးတစ်ယောက်ရှိနေခဲ့သည်။သူမရဲ့ရှေ့စားပွဲ‌ပေါ်မှာရှိနေတာက မွေးနေ့ကိတ်မုန့်လှလှလေးတစ်ခု.....။

ထိုကောင်မလေးကို ငေးကြည့်နေသောကောင်မလေးတစ်ယောက်ရှိနေ၏။ထိုကောင်မလေးလက်ထဲတွင်တော့ ကင်မရာလေးတစ်ခုကိုဆုပ်ကိုင်ထားခဲ့သည်။

ကင်မရာကိုင်ထား‌သော‌ကောင်မလေးက မွေးနေ့ကိတ်မုန့်နှင့်အတူရှိနေခဲ့သောကောင်မလေးအနီးသို့တဖြည်းဖြည်းချင်းလျှောက်လှမ်းသွားခဲ့သည်။

ချစ်ရသူပျော်ရွှင်စေဖို့မွေးနေ့ပွဲလေးတစ်ခုကိုဖန်တီးပေးနေသောကောင်မလေး၏လက်ကိုလာရောက်ဆုပ်ကိုင်လိုက်သောလက်ကလေးတစ်ဖက်ကြောင့် အဲ့ဒီကောင်မလေးကမော့ကြည့်လာခဲ့သည်။

“အခုသွားကြရ‌အောင် မ..။နောက်ကျနေမှာစိုးလို့”

“ဘယ်ဖြစ်မလဲ ကလေးရဲ့။ကိုယ့်ချစ်သူရဲ့မွေးနေ့လေ။သူနဲ့အတူတူရှိနေပေးသင့်တာကို....”

“သူ့ကိုနောက်မှအချိန်ပေးလို့ရတယ်လေ။အခုချက်ချင်း ဘုံနန်းနဲ့အတူလိုက်ခဲ့ပါ”

“ကိုယ်မလိုက်နိုင်ဘူး”

“မ......”

ဘုံနန်းကမိုးညလက်ထဲတွင်ရှိသောဖန်ခွက်ကိုဖျစ်ညှစ်ဆုပ်ကိုင်လိုက်၏။ဘုံနန်းရဲ့လက်ကလေးကိုကြည့်ရင်း မိုးည၏မျက်ဝန်းတို့အရောင်ဖျော့သွားခဲ့သည်။

“ဖန်ခွက်ကိုလွှတ်လိုက် ကလေး။မတော်တဆကွဲသွားရင် မင်းရဲ့လက်ကလေးဒဏ်ရာရသွားလိမ့်မယ်”

“အခုချက်ချင်း ဘုံနန်းနဲ့အတူတူလိုက်ခဲ့မယ်ဆိုရင်လွှတ်မယ်”

မိုးညကတစ်ချက်ငြိမ်သက်သွားခဲ့ပြီးနောက် စကားကိုဖြည်းဖြည်းချင်းပြောလာခဲ့သည်။

“ဖန်ခွက်ကိုလွှတ်တော့။ကိုယ်မင်းနဲ့အတူလိုက်ခဲ့မယ်”

“ဒါဆိုအခုပဲသွားကြရအောင်”

ဘုံနန်းကမိုးည၏လက်ကိုခပ်တင်းတင်းဆုပ်ကိုင်၍ထိုနေရာမှထွက်လာခဲ့သည်။

Dark...Rainy Night💛Where stories live. Discover now