Chapter(12)💛

307 16 0
                                    

"ဘယ်သွားနေတာလဲ မ..ရယ်။မ..ကိုဘုံနန်းလိုက်ရှာနေမိတာ။ဖုန်းဆက်လို့လည်းမရတော့......"

အိမ်ထဲကိုဝင်လိုက်တာနဲ့ မိုးညကိုပြေးဖက်ပြီး ဘုံနန်းကငိုကြွေးရင်းစကားဆိုပါ၏။ဘုံနန်းကိုကြည့်ရင်းစိတ်ပူပန်မှုများဖြင့် မိုးညမှာချော့မော့နှစ်သိမ့်ရတော့သည်။

"ကိစ္စတစ်ခုရှိလို့အပြင်ထွက်သွားတာပါ ကလေးရယ်။မငိုရ‌ဘူးလေကွာ"

"မ..ကိုစိတ်ပူနေတာ"

"ကိုယ်ဘာမှမဖြစ်ပါဘူး ကလေးရဲ့။လာပါကွာ။မငိုနဲ့တော့။ကလေးလေးကိုဖတ်ပြဖို့ စာအုပ်လေးတစ်အုပ်ဝယ်လာတယ်"

"ဟာ....အဲ့ဒါကိုဘုံနန်းသဘောကျတယ်။အခုဖတ်ပြတော့"

"ဟိတ်...ကလေးလေး....မင်းလေးဘာမှမစားရသေးဘူးမဟုတ်လား။အစားတစ်ခုခုအရင်စားကြရအောင်။ပြီးမှစာအုပ်ဖတ်ပြမယ်လေနော်"

"အွန်းပါ။မ..သဘော"

"ဟုတ်ပြီ။လိမ္မာတဲ့ကလေးအတွက်ဘာလေးတွေစီစဥ်‌ပေးရင်ကောင်းမလဲ"

မိုးညကဘုံနန်းအတွက်ညနေစာပြင်ဆင်ပေးနေချိန်၌ ဘုံနန်းကငြိမ်ငြိမ်လေးထိုင်ကြည့်နေခဲ့၏။ထိုအချိန်တွင် စားပွဲပေါ်ရှိမိုးည၏ဖုန်းက မက်ဆေ့ကြောင့်ပွင့်လာခဲ့သည်။ဘုံနန်းက အမှတ်မထင်လှမ်းကြည့်မိသောအခါ

"ညီနဲ့စကားပြောနေတာလား မ.."

"အဲ့ဒါက...."

"ဘာကိစ္စဖြစ်လို့လဲဟင်။ညီနဲ့အဆင်ပြေရဲ့လား။တစ်ခုခု....."

"ကိုယ်အဆင်ပြေပါတယ် ကလေးရယ်။ညီနဲ့လည်းပြဿနာမဖြစ်တော့ပါဘူး"

"အဲ့ဒါဆို ညီကလာတွေ့ဖို့ပြောနေတာ ဘာ့ကြောင့်လဲဟင်"

"ကိုယ်....ကိုယ်တို့....."

"ဘုံနန်းစိတ်ပူလာပြီ မ..ရယ်။ဘာဖြစ်နေတာလဲပြောပြစမ်းပါ"

မိုးညကသက်ပြင်းချရင်းဘုံနန်းအနီးသို့လာ၍ဘုံနန်းရဲ့နဖူးလေးကိုကြင်နာစွာတစ်ချက်နမ်းလိုက်ပါသည်။

"ကိုယ်ပြောတာကိုသေချာနားထောင်ကလေး။မင်းလေးရဲ့နှလုံးကိုအစားထိုးကုသဖို့လိုအပ်နေတယ်လို့ ညီ ပြောတယ်။သူမှာလှူမယ့်သူရှိတယ်တဲ့။အဲ့ဒီကိစ္စကိုကိုယ်တို့ဆွေးနွေးနေကြတာပါ။စိတ်ပူစရာမလိုပါဘူး ကလေးရယ်"

Dark...Rainy Night💛Where stories live. Discover now