Chapter(2)💛

889 23 0
                                    

"Morning ကလေး"

ဘုံနန်းကအိပ်ရာထဲမှထ၍မိုးညကိုဖက်တွယ်ထားရင်းစကားဆိုသည်။

"မနက်အစောကြီးနိုးနေတာလား မ.."

"ကလေးအတွက်မနက်စာပြင်ပေးချင်လို့"

"မ..ကအရမ်းချစ်ဖို့ကောင်းတာပဲ"

"ကိုယ့်ရဲ့ဇနီးလေးကိုယုယပေးတာလေ။အဲ့ဒါထူးဆန်းလို့လားကလေးရဲ့"

"ဟင့်အင်း....မထူးဆန်းပါဘူး။လုံးဝမထူးဆန်းဘူး"

"ကိုယ့်ကလေးလေးကိုဖက်ထားရတာသဘောကျစရာကောင်းလိုက်တာ"

"အာ....ဘုံနန်းချိန်းထားတာရှိသေးတာပဲ။‌ရေချိုးတော့မယ်။ဖယ်ပေးတော့"

"မဖယ်ပေးပါဘူး။အာဘွားတွေပေးရဦးမှာကို....."

မိုးညက အကျင့်ပုတ်၍ဘုံနန်းကို‌တင်းကျပ်နေအောင်ပွေ့ဖက်ထားခဲ့သည်။ဘုံနန်းက ရယ်မောရင်း မိုးည၏ရင်ခွင်ထဲမှာမရုန်းတော့ပဲ ငြိမ်ငြိမ်လေးနေပေးလိုက်သည်။ထိုအခါ မိုးညကကျေနပ်သွားဟန်ဖြင့် ဘုံနန်းကိုအကြင်နာအနမ်းလေးများခြွေရင်းရှိနေခဲ့သည်။

***************************

ဘုံနန်းရဲ့ဆိုင်မှာဧည့်သည်များနေသဖြင့် ဆိုင်ပိတ်ချိန်နောက်ကျသွားခဲ့ရသည်။

"အပြင်မှာဟိုတစ်ယောက်စောင့်နေတယ် မမ"

"အင်း....အင်း....နွယ်လေး။ပြန်နှင့်တော့နော်"

"အဆင်ပြေလို့လား မမ"

"အင်း....အဆင်ပြေပါတယ်။ပြန်နှင့်နော်"

"ဟုတ်ကဲ့။ဂရုစိုက်ဦးနော် မမ"

ဘုံနန်း ခေါင်းအသာညိတ်ပြလိုက်‌တော့ နွယ်လေးထွက်သွားခဲ့သည်။ဘုံနန်းက သက်ပြင်းသဲ့သဲ့ချလိုက်ရင်း ဆိုင်ရှေ့သို့ထွက်ခဲ့လိုက်သည်။

"မင်းကငါ့ကိုစိတ်အနှောင့်အယှက်သိပ်ပေးတာပဲ ဘုံနန်းထိုက်တန်"

"ဘုံနန်း တောင်းပန်ပါတယ်"

"မင်းကအမြဲတမ်းဘာလို့ ချိုသာနူးညံ့နေရတာလဲ။မင်းကငါ့ကိုရန်တွေ့နေသင့်တာမဟုတ်ဘူးလား"

"ဘုံနန်း ဘယ်သူနဲ့မှရန်မဖြစ်ချင်ဘူး။ပြီးတော့ ရှင်ကဘုံနန်းရဲ့ရန်သူမှမဟုတ်ပဲ"

Dark...Rainy Night💛Where stories live. Discover now