Chapter(8)💛

381 14 0
                                    

မှိတ်ထားသောဘုံနန်းရဲ့မျက်ခွံလေးကိုဖွဖွလေးနမ်းရှိုက်လိုက်သောအထိအတွေ့ကြောင့် ဘုံနန်းရဲ့မျက်လုံးဖွင့်ကြည့်မိသောအခါတွေ့လိုက်ရတာမိုးညကိုဖြစ်၏။မိုးညကဘုံနန်းကိုကြင်နာစွာခေါ်လိုက်၏။

“ကလေး.....”

“မ...‌အဆင်ပြေရဲ့လားဟင်။သူတို့တွေ မ..ကိုစိတ်ညစ်အောင်လုပ်ကြသေးလား။မ...ဘာဖြစ်သွားသေးလဲဟင်”

စကားတွေဆက်တိုက်များနေသောဘုံနန်းရဲ့နှုတ်ခမ်းလေးကိုတစ်ချက်ငုံ့နမ်းလိုက်ရင်း မိုးညပြန်ဖြေပါ၏။

“ကိုယ်ဘာမှမဖြစ်ပါဘူး ကလေးရယ်။စိတ်မပူနဲ့နော်”

“မ..ကိုစိတ်ပူနေတာ။ဘုံနန်းနိုးလာ‌တော့ မ..ကိုမတွေ့ရလို့စိတ်ပူ‌နေတာ”

“ကိုယ်ရှိတယ်နော် ကလေး”

“ဘုံနန်းတို့အိမ်ပြန်ကြရအောင် မ...။ဒီမှာမနေချင်ဘူး”

“မင်းလေးနေကောင်းရင်ပြန်ရမှာပေါ့”

“နေကောင်းပါတယ်။သူတို့က မ..ကိုနှောင့်ယှက်ဖို့ကြိုးစားနေတာတွေမမြင်ချင်လို့"

”ဘာမှမဖြစ်ပါဘူး ကလေးရယ်။အခုတော့ မင်းလေးအနားယူရမယ်နော်”

“အိမ်ပြန်ကြမယ်လေ မ..ရယ်။အိမ်မှာအနားယူလို့ရတာပဲကို”

“အဲ့လိုလုပ်လို့မဖြစ်ပါဘူးကွာ။မင်းရဲ့နှလုံးကစိတ်ချရတဲ့အခြေအနေမဟုတ်ဘူးလို့ဆရာဝန်တွေပြောထားတာသိရဲ့လား။ဆေးရုံမှာနေမှဖြစ်မှာပေါ့ကလေးရယ်”

“ဒါဆိုရင် နှလုံးနဲ့ပတ်သက်ပြီးရောဂါဖြစ်နေပြီပေါ့။ဟုတ်လားဟင်”

“အရမ်းမစဉ်းစားပါနဲ့ကလေးရာ။သေချာဂရုစိုက်ရင်စိတ်ပူစရာမလိုဘူးမဟုတ်လား။အခုလုပ်ရမှာက မင်းလေးအနားယူဖို့ပဲလေ”

“အင်းပါ။မ..မှာအဲ့လိုဆန္ဒရှိနေတယ်ဆိုရင် မ..ရဲ့စကားကိုဘုံနန်းနားထောင်ပါ့မယ်”

“ကိုယ့်ကလေးလေးက သိပ်လိမ္မာတာပဲကွာ။အဲ့ဒါကြောင့်ချစ်နေရတာ။အခုအနားယူတော့နော်။ခဏလောက်အိပ်လိုက်။မင်းလေးအားရှိဖို့လိုအပ်တယ်လေ”

Dark...Rainy Night💛Where stories live. Discover now