Chapter(18)-(ENDING)💛

1.6K 21 0
                                    

မိုးညနှင့်ညီညာကျော်မင်းကဘုံနန်းကိုတတ်နိုင်သမျှကာကွယ်ဖို့အစီအစဉ်ရေးဆွဲနေကြ၏။ညီနှင့်မိုးညသည် ဘုံနန်းအန္တရာယ်ကင်း‌စေရန်ဘုံနန်းကိုခေါ်ပြီးတစ်ခြားနေရာသို့ထွက်သွားဖို့စဉ်းစားမိကြ၏။

ထွက်ပြေးခြင်းသည် အဖြေတစ်ခုမဟုတ်သော်လည်းဘုံနန်းကိုမထိခိုက်စေချင်သဖြင့် ဘုံနန်းအန္တရာယ်ကင်းစေရန် အရင်ဆုံးကြိုးစားသင့်ကြောင်းမိုးညတွေးထားမိသည်။

နောက်မှဘယ်လိုနည်းလမ်းနှင့်မဆိုမိမိကိုယ်တိုင်ဘုန်းထိုက်ညိုကိုရှင်းပစ်မည်ဟုမိုးညစဉ်းစားလိုက်သည်။

ယခုလောလောဆယ်တော့ဒီနေရာနှင့်ဝေးရာသို့ဘုံနန်းကိုခေါ်သွားဖို့ ညီနှင့်တိုင်ပင်ရင်းလိုအပ်သည်များလုပ်‌ဆောင်ရန် မိုးညတို့နှစ်ဦးသားအလုပ်ရှုပ်နေခဲ့ကြသည်။ထို့ကြောင့်မိုးညနှင့်ဘုံနန်းတို့နှစ်ဦးသည်လုပ်စရာရှိတာလုပ်ရန်အိမ်အပြင်ထွက်ခဲ့ကြ၏။

ထိုအခါဘုံနန်းတစ်ယောက်ထဲအိမ်မှာကျန်ခဲ့၏။ထိုဖြစ်စဉ်ကြောင့်တစ်ခုခုပြောင်းလဲသွားနိုင်ကြောင်း မိုးညကြိုသိခဲ့မည်ဆိုလျှင် ဘုံနန်းကိုတစ်ယောက်ထဲထားခဲ့ဖို့ ကြိုးစားမည်မဟုတ်ပါ။သို့သော် ကံကြမ္မာသည်.....။

***************************

လိုချင်တာတစ်ခုရှိသဖြင့်ဝယ်ယူရန်အပြင်သို့ဘုံနန်းထွက်လာခဲ့သည်။မိုးညနဲ့ညီက ကိစ္စတစ်ခုရှိသည်ဟုဆို၍အတူတူအပြင်ထွက်သွားကြသဖြင့် ဘုံနန်းတစ်ယောက်ထဲကားမောင်း၍ထွက်ခဲ့လိုက်သည်။မိုးညရှိနေလျှင် ဘုံနန်းကိုစိတ်မချလို့တစ်ယောက်ထဲအပြင်ပေးထွက်မှာမဟုတ်ဘူးလေ။အခုအိမ်မှာဘယ်သူမှရှိမနေ၍ မိမိဘယ်သွားလဲဆိုတာကို စာရေးထား၍ဘုံနန်းတစ်ယောက်ထဲထွက်လာခဲ့လိုက်သည်။

ဘုံနန်းကဝယ်ယူထားသောပစ္စည်းအတွက်ကျသင့်ငွေကိုကောင်တာမှာရှင်းပေးပြီးနောက်လှည့်အထွက်တွင်တွေ့လိုက်ရတာကဘုန်းထိုက်ညိုကိုဖြစ်သည်။သူကဘုံနန်းကိုမုန်းတီးဟန်အပြည့်ရှိနေသောမျက်လုံးများဖြင့်ရပ်ကြည့်နေခဲ့သည်။ဘုံနန်းကသူ့ကိုမမြင်ဟန်ပြု၍ထိုနေရာမှထွက်သွားဖို့ကြိုးစားလိုက်သည်။

Dark...Rainy Night💛Where stories live. Discover now