Chapter(3)💛

631 20 0
                                    

ဘုံနန်းကစာအုပ်လေးကိုင်ပြီးခဲပန်းချီကို စိတ်ပါလက်ပါရေးဆွဲနေသလို မိုးညကလည်းဘုံနန်းရဲ့ဘေးနားမှာနေရင်းဘုံနန်းမြတ်နိုးရလွန်းသောစကားသံချိုချိုလေးများစွာကိုပြောနေခဲ့သည်။

မိုးရာသီ၏ရက်တစ်ရက်ဖြစ်သည့်အားလျော်စွာတစ်နေကုန်နေပူနေရာမှ ညနေပိုင်းတွင်ရုတ်တရက်ဆိုသလိုမိုးသားတိမ်လိပ်တို့မှောင်မဲလာခဲ့တော့သည်။

“ဒီညမိုးရွာလိမ့်မယ်ထင်တယ်နော်ကလေး”

“အင်းနော်....ကျွန်မအတွက်အခွင့်အရေးကြီးတစ်ခုပဲထင်ပါရဲ့”

“ကိုယ့်ကိုအမြတ်ထုတ်တော့မလို့ကြံစည်နေပြန်ပြီပေါ့လေ”

“အာ....မကြံပါဘူး”

“တကယ်လား ကလေး။ကိုယ့်ရင်ခွင်ထဲဝင်နေဖို့ကိုနည်းနည်းမှမကြံစည်မိဘူးပေါ့”

“တကယ်...လုံးဝကိုမကြံစည်မိတာ”

“အမ်း.....အဲ့ဒါဆိုတော့လည်း ကိုယ့်ရင်ခွင်ကိုဟာလာဟင်းလင်းကြီးထားရတော့မှာပေါ့လေ”

“ဟာ....အကျင့်မပုတ်နဲ့နော်"

“ဘယ်မှာအကျင့်ပုတ်လို့လဲ”

“မိုးရွာရင် ဘုံနန်းကိုမ..ရဲ့ရင်ခွင်ထဲမှာဖက်ထားပေးနေကျမဟုတ်ဘူးလား”

“ကိုယ်ဖက်ထားပေးချင်ပါတယ်။ဒါပေမယ့်ကလေးလေးတစ်ယောက်က မနေချင်ဘူးလို့ပြောနေမှတော့ဘယ်တတ်နိုင်ပါ့မလဲ”

“အဲ့လိုပြောမိလို့လား”

“အဲ့လိုပြောခဲ့တယ်ထင်တာပဲ”

“မိုးတွေရွာရင် အသံတွေဆူညံပြီးကြောက်စရာကောင်းတယ်။လျှပ်စီးတွေလက်ပြီးမိုးချုန်းသံတွေကြားရဦးမှာ။မ..ရဲ့ရင်ခွင်ထဲမှာ ဘုံနန်းကိုပွေ့ဖက်ပေးထားရမှာ။ဘုံနန်း ကြောက်တတ်တယ်လေ။အဲ့ဒါကို......”

ဘုံနန်းကငိုမဲ့မဲ့လေးဖြစ်လာခဲ့သည်။ဘုံနန်းကိုဂရုမစိုက်ပဲမိုးည ရယ်မောနောက်ပြောင်နေခဲ့ပြန်၏။

“အဟက်....မင်းလေးပဲကိုယ့်ကိုဘာမှမကြံစည်ဘူးဆို....."

မိုးည၏ပုံစံကိုကြည့်ရင်းဘုံနန်းစိတ်ကောက်ချင်လာခဲ့ပါ၏။

Dark...Rainy Night💛Where stories live. Discover now