Chapter(16)💛

293 16 0
                                    

"အလုပ်များနေလား မ...."

မိုးညရဲ့လည်တိုင်ကိုအနောက်မှသိုင်းဖက်၍ဘုံနန်းကအနမ်းခြွေရင်းစကားဆိုလေသည်။

"မများပါဘူး။ဘာလုပ်ချင်လို့လဲ။ပြောလေ ကလေး"

"အလုပ်မများဘူးဆိုရင်အပြင်ထွက်ပြီး မုန့်သွားစားကြရအောင် မ...."

"ကလေးသွားချင်တယ်ဆိုရင်သွားကြတာပေါ့"

"ဒါဆိုအခုပဲသွားကြရအောင်လေ"

"အင်းပါ.....အင်းပါ...."

**************************

ဘုံနန်းသည်မိုးည၏လက်ကိုဆုပ်ကိုင်ရင်းရပ်ထားသောကားဆီသို့လျှောက်လှမ်းသွားနေခြင်းအား ဘုန်းထိုက်ညိုသည်အံကိုတင်းတင်းကြိတ်ရင်းဒေါသပြည့်နှက်နေသောမျက်ဝန်းတို့ဖြင့်ကြည့်နေခဲ့သည်။ပျော်ရွှင်ရယ်မောနေသောဘုံနန်း၏မျက်နှာလှလှလေးကိုမြင်ရသောအခါ ဘုန်းထိုက်ညိုသည်ချစ်ရသူကိုသတိရလာလျှက်ဒေါသတို့ကပိုမိုပြင်းထန်လာရသည်။

ဘုန်းထိုက်ညိုသည်ကြည့်နေရင်းမှဒေါသမထိန်းနိုင်သဖြင့်ကားထဲမှထွက်လိုက်ရင်း မိုးညတို့ရှိရာသို့သွားဖို့ကြိုးစားလိုက်သည်။

"သိပ်ပျော်နေကြတယ်လား မိုးညနက်နက်"

မိုးညတို့နှစ်ဦး၏ရှေ့၌ပိတ်ရပ်၍စကားဆိုလာသူကိုဘုံနန်းက အံဩသွားဟန်ဖြင့်ကြည့်လိုက်လေ၏။

"သူကဘယ်သူလဲဟင်။မ..နဲ့သိလို့လား"

"သူ့ကိုထားလိုက်စမ်းပါ ကလေး။ဒီနေရာက သွားကြမယ်"

မိုးညကဘုံနန်းကိုဆွဲခေါ်၍ထွက်သွားဖို့ကြိုးစားလိုက်သည်။ဘုံနန်းက ဘာကိုမှနားမလည်ဟန်ဖြင့်ရှိနေခဲ့သည်။

"မင်းဒီလိုထွက်သွားလို့ရမယ်ထင်နေတာလား။မင်းရဲ့ဆိုးဝါးတဲ့လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမယ်"

"ရှင်ဘာတွေပြောနေတာလဲဟင်"

ဘုံနန်း၏မေးခွန်းကြောင့်ရယ်မောလိုက်ရင်းဘုန်းထိုက်ညိုက

"မင်းမသိသေးဘူးထင်တယ်။ဒီမိန်းမက သူ့ရဲ့ယုတ်မာမှုတွေကိုမပြောရသေးဘူးဆိုတော့ ငါပြောပြရမှာပေါ့"

Dark...Rainy Night💛Where stories live. Discover now