Chapter(11)💛

349 12 0
                                    

"ထိုင်ပါ မိုးည"

မိုးညကညီညာကျော်မင်းနှင့်မျက်နှာချင်းဆိုင်ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။

"ငါ့ကိုအခုလိုလက်ခံတွေ့ဆုံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ညီ"

"အခုအချိန်မှာ ငါတို့နှစ်ယောက်ရန်ဖြစ်မနေသင့်တော့ဘူးမဟုတ်လား။ဘုံနန်းအတွက်ငါတို့နှစ်ယောက်အကောင်းဆုံးကြိုးစားနေထိုင်ပေးဖို့လိုအပ်တယ်မိုးည"

"မင်းရဲ့စိတ်ဓာတ်ကိုငါလေးစားတယ် ညီ။မင်းကိုကြည့်ပြီး ငါ့ကိုယ်ငါသိမ်ငယ်မိတယ်။ငါ့ကြောင့် ကလေးလေးရောဂါဖြစ်ရတာ။ငါဟာမကောင်းတဲ့လူတစ်ယောက်ပဲ"

"အဲ့လိုဖြစ်‌အောင်ရည်ရွယ်ပြီးလုပ်ခဲ့တာမှမဟုတ်ပဲ။အဲ့ဒါကိုကံကြမ္မာတစ်ခုလို့ပဲသဘောထားလိုက်ကြတာပေါ့ မိုးည"

"မင်းသိလား ညီ။ငါ့ရဲ့ရူးသွပ်ခြင်းတွေကြောင့် ကလေးရဲ့အခြေအနေတွေပိုဆိုးလာရတာ။ငါ့ကိုနိုင်ငံခြားမှာဆေးကု‌သပေးနေတဲ့အချိန် သူမတစ်ယောက်ထဲအရမ်းခံစားနေခဲ့ရတာ။အမှန်တော့ မင်းကိုအဆင်ပြေပြီပြောခဲ့ပေမယ့် သူမရဲ့ရောဂါမပျောက်ခဲ့ဘူး ညီ။ငါဆေးကုသမှုခံယူနေတဲ့အချိန်မှာ ကလေးလေးကငါ့ကိုလွမ်းပြီးဝေဒနာတွေပိုဆိုးလာတယ်ထင်တယ်"

"ငါရဲ့လိုအပ်ချက်ကြောင့်လည်းပါမယ်ထင်ပါတယ်။ငါလည်းဆေးရုံမှာရောက်နေခဲ့တာဆိုတော့ဘုံနန်းကိုဂရုမစိုက်မိခဲ့ဘူး။ငါလိုအပ်သွားတာပါ"

"အဲ့ဒါကမင်းငါ့ကိုဂရုစိုက်‌ပေးနေခဲ့တာမို့လို့လေ။အရာရာကငါ့အပြစ်တွေကြောင့်ပါ ညီ။ငါရဲ့အမှားတွေအတွက် တောင်းပန်ပါတယ်"

"ဖြစ်ခဲ့တာတွေက ဖြစ်ပြီးခဲ့ပြီပဲမိုးည။ငါတို့ဘာတတ်နိုင်သေးလို့လဲ။ဖြစ်ပြီးတာတွေကိုပြန်ပြင်လို့မရတော့ဘူးဆိုပေမယ့် နောက်ထပ်ဆိုးဝါးတာတွေဖြစ်မလာအောင် တတ်နိုင်သမျှကြိုးစားလို့ရတာပဲမဟုတ်လား"

"ကလေးလေးကို နောက်ထပ်မနာကျင်စေဖို့ နေ့ရက်တိုင်းမှာငါအတတ်နိုင်ဆုံးကြိုးစားနေထိုင်နေတာပါ။ဒါပေမယ့် ကလေးလေးက နေမကောင်းဘူးလေ။သူမရဲ့ရောဂါကပိုပိုဆိုးလာတယ်။အဲ့ဒါ ငါ့ကြောင့်ဖြစ်ခဲ့ရတာမဟုတ်လား ညီ။နောင်တတွေနဲ့နာနာကျင်ကျင်ခံစားနေရတယ်။ငါလုပ်ခဲ့တဲ့လုပ်ရပ်တွေက....."

Dark...Rainy Night💛Where stories live. Discover now