Chapter(9)💛

357 15 0
                                    

“အခြေအနေဘယ်လိုရှိလဲ ဒေါက်တာ”

“အခုတော့အသက်အန္တရာယ်မရှိတော့ပါဘူး။သိပ်မကြာခင်သူမ နိုးလာပါလိမ့်မယ်။နောက်ပိုင်းမှာ သူမကိုသေချာဂရုစိုက်ဖို့လိုတယ်။သူမရဲ့နှလုံးအခြေအနေက စိတ်ချလို့မရတဲ့အနေအထားမှာရောက်နေတယ်။ကုသမှုတစ်ချို့အတွက်ကြိုတင်ပြင်ဆင်ထားပါ"

ဆရာဝန်ထွက်သွားသောအခါ ဘုံနန်း၏လက်ကလေးကိုဆုပ်ကိုင်ရင်း မိုးညငိုကြွေးမိတော့သည်။ကလေးလေးကိုမိုးညရူးခါနေအောင်ချစ်ရတာလေ။သူမကိုဆုံးရှုံးလိုက်ရလို့လုံးဝမဖြစ်နိုင်တာသေချာသိနေတဲ့နောက် မိုးညဘာဆက်လုပ်သင့်ပါသလဲဟုတွေးတောရင်း.....။

“မ.......”

ထိုခဏတွင်အနည်းငယ်လူးလွန့်လှုပ်ရှားလာလျှက် မျက်လုံးလေးမဖွင့်နိုင်သေးခင်မှာပင် မိုးညကိုခပ်သဲ့သဲ့ခေါ်နေသောချစ်ရသူ၏အသံတိုးတိုးလေးက မိုးညကိုခံစားရစေသည်။

“ကိုယ်ရှိတယ်ကလေး။ကိုယ်ဒီမှာရှိတယ်နော်"

မိုးည၏အသံကြောင့် ဘုံနန်းကဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်လာသည်။ထိုကလေးလေး၏အရောင်ဖျော့ဖျော့မျက်ဝန်းများကြောင့်မိုးညကြေကွဲနာကျင်မိရသည်။မိမိချစ်ရသူက မိမိ‌ကြောင့်နေမကောင်းဖြစ်နေရပါလားဟူသောအသိတရားက မိုးညကိုနာကျင်စေသည်။

“ဘုံနန်းကို စိတ်ဆိုးနေသေးလားဟင်”

“စိတ်မဆိုးပါဘူး။ကိုယ့်ကလေးကိုဘာလို့စိတ်ဆိုးရမှာလဲကွာ”

“ဘုံနန်းကို မ..စိတ်ဆိုးမှာကြောက်တယ်”

“မင်းလေးကိုအရမ်းချစ်တယ်နော်ကလေး။အဲ့ဒါတွေစိတ်ညစ်ရအောင်လျှောက်တွေးနေမယ့်အစား ကလေးလေးကအနားယူသင့်တာ”

“မ..နဲ့ပတ်သက်ပြီးစိတ်မအေးနိုင်တာကို ဘုံနန်းဘယ်လိုအနားယူနိုင်မလဲ မ..ရယ်”

“ကိုယ်မင်းကိုသိပ်ချစ်တာကိုသိသားနဲ့ကလေးရာ။မျက်လုံးလေးမှိတ်ထားပြီးခဏလောက်အနားယူစမ်းပါ”

“ဘုံနန်းအနားကနေ ပျောက်မသွားရဘူးနော် မ...”

“စိတ်ချပါကလေးရယ်။ကိုယ့်ရင်ခုန်သံတွေရပ်တန့်သွားရင်‌တောင် မင်းလေးအနားမှာပဲကိုယ့်ဝိညာဉ်ကဆက်ရှိနေပေးမှာ...။မင်းလေးအနားကကိုယ်ပျောက်မသွားဘူး။စိတ်ချနော် ကလေး”

Dark...Rainy Night💛Where stories live. Discover now