Chapter(7)💛

422 16 0
                                    

“နိုးပြီလားကလေးလေး”

ဘုံနန်းနိုးလာသောအခါ မိုးည၏ရင်ခွင်ထဲ၌ရှိနေခဲ့၏။

“ဘုံနန်းကိုအကြာကြီးပွေ့ထားခဲ့တာလားဟင်”

“အင်းပေါ့။ရာသီဥတုကအရမ်းအေးနေတာလေ။ကလေးလေးချမ်းနေမှာစိုးလို့"

“စောင်ခြုံထားတာပဲကို...အရမ်းမအေးပါဘူး မိုးညရယ်"

“မိုးချုန်းသံတွေကြားရင် ကလေးလေးအရမ်းကြောက်တတ်တာ ကိုယ်သိတယ် ကလေး။ကလေးအိပ်ပျော်နေတာ အဲ့အသံတွေကြောင့်လန့်နိုးသွားမှာစိုးရိမ်လို့"

“အဲ့လောက်အထိလားဟင်"

“အဲ့ထက်ကိုပိုနိုင်သမျှပိုတာပေါ့ကလေး"

ဘုံနန်းကသဘောကျစွာဖြင့်ပြုံးရင်းအိပ်ရာထဖို့ကြိုးစားလိုက်သောအခါ ခြေထောက်မှာတစ်ခုခုလွတ်နေသလိုခံစားရသဖြင့်ကြည့်လိုက်မိသည်။

“‌ခြေထောက်ကသံကြိုးကိုဖြုတ်လိုက်တာလား။ဘာလို့ဖြုတ်လိုက်တာလဲ မိုးည”

“ကိုယ့်ကလေးလေး နာနေမှာစိတ်ပူလို့။အရင်ကတည်းက ချည်ချင်လို့ချည်ထားတာမှမဟုတ်ပဲ။မင်းလေးထွက်ပြေးမှာစိုးလို့အခုလိုလုပ်ထားမိတာလေ”

“အခုရော စိတ်မပူတော့ဘူးလား”

“စိတ်ပူတယ်"

“ဒါဆိုဘာလို့ဖြုတ်လိုက်တာလဲ။ပြန်ချည်ထားလေ”

“မချည်ထားချင်တော့ဘူး။ကလေးလေး နာကျင်တာတွေကိုယ်မကြည့်ရက်တာ မင်းမှမသိပဲ။ကိုယ်အရမ်းရင်နာရတာသိရဲ့လား”

မိုးည၏စကားအဆုံးတွင်ရင်ခွင်ထဲသို့တိုးဝင်ဖက်ထားရင်းဘုံနန်း၏နှုတ်ဖျားက စကားတစ်ခွန်းသဲ့သဲ့လေးတီးတိုးရေရွတ်မိခဲ့သည်။

“မ..ရယ်"

ဘုံနန်း၏ခပ်သဲ့သဲ့တီးတိုးသံလေးကြောင့်မိုးညက ဘုံနန်း၏ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်၍အံ့ဩတကြီးမေးမြန်းလာခဲ့သည်။

“ဘာ....ကိုယ့်ကိုဘယ်လိုခေါ်လိုက်တာလဲ ကလေး”

“မ..လို့ခေါ်လိုက်တာလေ။ရှင်ကဘုံနန်းရဲ့ချစ်သူဖြစ်လာမှတော့ ဘုံနန်းပိုင်ဆိုင်တဲ့နာမ်စားလေးတစ်ခုခုရှိသင့်တယ်မဟုတ်လား"

Dark...Rainy Night💛Where stories live. Discover now