“ကလေး.....”
အတွေးလွန်နေသောဘုံနန်းရဲ့ပခုံးကိုဆုပ်ကိုင်၍ခေါ်လိုက်သည့်မိုးညရဲ့ခေါ်သံကြောင့်အတိတ်ကဖြစ်ရပ်တစ်ချို့ကိုပြန်လည်စဉ်းစားမိရာမှလက်ရှိအချိန်ကိုပြန်လည်သတိပြုမိလာရသည်။
“မ......"
“ကိုယ်ကြည့်နေတာကြာပြီ။ဘာတွေတွေးနေတာလဲကလေးရဲ့”
“ဒီအတိုင်းပါပဲ။အတွေးမျိုးစုံပေါ့။ဘာမှရေရေရာရာမရှိပါဘူး မ..ရယ်"
“အများကြီးလျှောက်မတွေးရဘူးနော် ကလေး။အတွေးတွေထဲမှာစိတ်ညစ်စရာတွေပါလာရင် ကိုယ့်ကလေးလေးနေမကောင်းဖြစ်လိမ့်မယ်။အဲ့လိုဖြစ်မှာကိုယ်မကြိုက်ဘူး ကလေး”
“ဟုတ်....မ...."
“လိမ္မာတယ်။ဘာမှမတွေးနဲ့ကလေး။ခရီးလည်းသွားရဦးမှာမဟုတ်လား။ပြီးတော့ မင်းလေးရဲ့ဟောဒီနှလုံးသားလေးနေမကောင်းဖြစ်နေတာကိုဂရုစိုက်ရမယ်။စိတ်ညစ်စရာတွေမတွေးရဘူးနော် ကလေး”
“အွန်းပါ။မ..ရဲ့အမိန့်တော်အတိုင်းပါပဲ"
“အဲ့လိုလိမ္မာလို့ကလေးလေးကိုပိုပိုချစ်လာရတာသိရဲ့လား”
မိုးည၏စကားကြောင့် ဘုံနန်းကမိုးညရဲ့လည်တိုင်လေးကိုသိုင်းဖက်လိုက်ရင်း နှုတ်ခမ်းကိုအနမ်းတစ်ချို့ခြွေလေ၏။
“မ..ကိုချစ်တယ်”
“ကိုယ့်ကိုဘယ်လောက်အထိချစ်သလဲ သက်သေပြစမ်းပါဦး ကလေးရဲ့"
“မ..ကသေချာသိချင်တယ်ဆိုပါတော့"
“ဒါပေါ့။ကိုယ့်ကိုချစ်တဲ့မင်းလေးရဲ့အချစ်တွေသေချာသက်သေပြစမ်းပါကလေးရယ်”
ဤသို့ဖြင့်မိုးညကိုတင်းကျပ်စွာဖက်တွယ်ထားရင်း ဘုံနန်းသည်သူမ၏ချစ်ခြင်းများအကြောင်းကိုသေချာလေးရှင်းပြခဲ့ပါ၏။ဘုံနန်းရှင်းပြသောချစ်ခြင်းများသည် မိုးညအတွက်ပြင်းထန်၍နက်ရှိုင်းသောကြောင့်......။
***************************
ဒီနိုင်ငံမှာရှိသမျှမိုးညနှင့်ပတ်သက်သောအကြောင်းအရာများနှင့်အဆက်ဖြတ်ပေးလိုကြောင်း ဘုံနန်းကညီနှင့်တိုင်ပင်မိခဲ့သည်။နိုင်ငံခြားရှိယခုဆေးရုံသို့ပို့၍ကုသပေးသင့်ကြောင်းညီက အကြံပြုလာသဖြင့်ဘုံနန်းလက်ခံလိုက်ခြင်းဖြစ်သည်။
YOU ARE READING
Dark...Rainy Night💛
Romanceမ..ရဲ့ချစ်ခြင်းကမိုးစက်တွေအဖြစ်ရွာသွန်းရင်း ကလေးရဲ့နှလုံးသားကြမ်းပြင်မှာ သမုဒ္ဒရာတစ်စင်းဖြစ်တည်လာခဲ့မယ်ဆိုရင် အဲ့ဒီရေပြင်ကျယ်ထဲမှာနစ်မြုပ်နေချင်တဲ့သူပါ။ အဲ့ဒီရေပြင်ထဲက ကယ်တင်မယ့် တစ်ယောက်ယောက်ရဲ့လက်တစ်စုံမလိုချင်ဘူး။အဲ့ဒီရေပြင်ထဲမှာအဆုံးအထိ ကလေးရဲ့ခ...