Chapter(5)💛

433 13 0
                                    

ဘုံနန်းထိုက်တန်၏ကံကြမ္မာသည် မိုးညနက်နက်ဟူသောကောင်မလေးတစ်ယောက်အပေါ်မှီတည်နေခြင်းအားတစ်ခုသောမိုး‌ဦးရာသီ၌ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဲ့ဒီနေ့က ဘုံနန်းရဲ့သူငယ်ချင်းဖြစ်သူ အက္ခရာ၏ကော်ဖီဆိုင်သို့ ဘုံနန်းအလည်လာခဲ့မိသည်။ထိုအခိုက်အတန့်လေးမှာပဲ မိုးညနက်နက်ဆိုတဲ့ကောင်မလေးတစ်ယောက်ကဘုံနန်းရဲ့ရဲ့နှလုံးသားထဲကို မုန်တိုင်းပြင်းပြင်းတွေနဲ့မိုးရာသီတစ်ခုဆောင်ယူလာခဲ့တာ....။

"ဒီမှာခဏထိုင်လို့ရမလား"

"ဟုတ်...ရပါတယ်"

"ကိုယ့်ကိုထိုင်ခွင့်‌ပေးတာ‌ကျေး‌ဇူး‌နော်"

"ကိစ္စမရှိပါဘူး"

"ကိုယ်တစ်ယောက်ထဲဖြစ်နေတာမို့လို့မင်းနဲ့အတူ ကိုယ့်ကိုကော်ဖီသောက်ခွင့်ပြုစေချင်တယ်"

"ရပါတယ်။ဘုံနန်းလည်းတစ်ယောက်ထဲဆိုတော့အဆင်ပြေပါတယ်"

"မင်းရဲ့နာမည်က ဘုံနန်းဆိုပါတော့"

"နာမည်အပြည့်အစုံက ဘုံနန်းထိုက်တန်ပါ။ရှင်ကရော......"

"မိုးညနက်နက်...."

"နာမည်လေးကသိပ်လှတယ်"

"ကျေးဇူးပါ ကလေး"

"ဘယ်လို...."

"မင်းက ကလေးလေးနဲ့တူလို့ အဲ့လိုခေါ်မိသွားတာ"

"ဒါနဲ့ မိုးညကတစ်ယောက်ယောက်နဲ့ချိန်းထားတာလား"

"အင်း....ကိုယ့်ချစ်သူနဲ့တွေ့ဖို့ချိန်းထားတာ"

"ဪ....."

ထို့နောက်တွင်တစ်ယောက်ကိုတစ်ယောက်စကားဆက်မပြောဖြစ်တော့ပဲ ကော်ဖီသောက်ရင်းငြိမ်သက်သွားခဲ့ကြသည်။အချိန်တစ်ချို့ကြာပြီးသောအခါ သူမကပဲစတင်၍စကားဆိုသည်။

"ဒီနေ့သူ မလာတော့ဘူးထင်ပါရဲ့။ကိုယ်သွားတော့မယ် ကလေး"

ဘုံနန်း ခေါင်းအသာညိတ်ပြလိုက်မိသည်။သူမကထိုင်ခုံမှထလိုက်ရင်း ထွက်သွားဖို့ဟန်ပြင်ပြီးမှပြန်လှည့်လာ၍စကားဆိုသည်။

"နောက်တစ်ခါတွေ့ရင် ကိုယ်မင်းကိုနှုတ်ဆက်လို့ရတယ်မဟုတ်လား ကလေး"

Dark...Rainy Night💛Where stories live. Discover now