Chapter(10)💛

383 16 0
                                    

“ကလေး....."

“ဘာပြောမလို့လဲဟင်”

“အဲ့ဒါတွေဖျက်ဆီးပစ်ရအောင်”

မိုးညက ကားနောက်ခန်းထဲရှိကတ်ထူပုံးတစ်ခုကိုလှမ်းပြရင်းစကားဆိုနေသဖြင့် ဘုံနန်းကပြန်လည်မေးမြန်းမိသည်။

“အဲ့ဒါဘာတွေလဲ”

“ကိုယ်ရူးနေခဲ့တုန်းက မင်းလေးကိုနာကျင်အောင်လုပ်ခဲ့တဲ့အရာတွေ”

“ဘယ်လို....."

“တကယ်မရှိတဲ့ချစ်သူအတွက် ကိုယ်စာတွေရေးခဲ့တယ်မဟုတ်လား။ဒီကွန်ပျူတာထဲမှာ၊ဒီဖုန်းထဲမှာ ပြီးတော့ ဒီစာအုပ်တွေ အဲ့ဒီအရာတွေ အားလုံးကိုဖျက်ဆီးပစ်မယ်။လာခဲ့ ကလေး”

မိုးညက ကားကိုဘေးကပ်ရပ်လိုက်သည်။ရောက်နေသောနေရာက မြစ်တစ်ခုကိုဖြတ်သန်းတည်ဆောက်ထားသောတံတားပေါ်၌ဖြစ်၏။မိုးညက သူမလက်ထဲမှပစ္စည်းများအားလုံးကိုမြစ်ထဲသို့ပစ်ချလိုက်လေသည်။

”ဘာလုပ်လိုက်တာလဲ”

“ကိုယ်တို့အတွက်နာကျင်စေတဲ့အရာတွေကိုလွှင့်ပစ်လိုက်တာလေ”

“အဲ့ပစ္စည်းတွေက.....”

“အဲ့ပစ္စည်းတွေက ကိုယ့်အတွက်မလိုအပ်ဘူးလေ ကလေးရဲ့။ရှုပ်တယ်။လွှင့်ပစ်လိုက်တာပဲ ကောင်းတယ်မဟုတ်လား”

“ဒါပေမယ့်.....”

“တော်ပြီ။လာတော့ ကလေး။ညမှောင်နေပြီ။အပြင်မှာအေးတယ်။ဟိုအိမ်လေးကိုအမြန်ရောက်မှဖြစ်မယ်။မဟုတ်ရင် ကိုယ့်ကလေးလေးနေမကောင်းဖြစ်မှာစိုးရိမ်ရတယ်လေ။ကားထဲဝင်တော့ ကလေး”

“ဟုတ်ကဲ့ မ...."

**************************

အဖြူရောင်အိပ်ရာခင်းလေးခင်းထားသောအိပ်ရာပေါ်၌ဂါဝန်ဖြူဖြူလေးဝတ်၍ထိုင်နေသောဘုံနန်းကိုကြည့်မဝဖြစ်နေရသူက မိုးညရယ်ပါ။ဘုံနန်းက နတ်သမီးလေးတစ်ပါးလိုလှပလွန်းနေသည်ဟု မိုးညတွေးနေမိချိန်တွင် ကလေးလေးက စကားစပြောလိုက်၍သတိဝင်လာရသည်။

"ဘာတွေတွေးနေတာလဲ မ....."

"ကိုယ့်ကလေးလေးအရမ်းလှကြောင်းတွေးနေတာလေ"

Dark...Rainy Night💛Where stories live. Discover now