Chapter(13)💛

279 14 0
                                    

ဘာစကားမှထပ်မပြောပဲဘုံနန်းကိုယ်လေးကိုပွေ့ဖက်၍မိုးညတစ်‌ယောက်ငြိမ်သက်နေခဲ့သည်။တိတ်ဆိတ်ငြိမ်သက်‌သွားခဲ့သောမိုးညကိုကြည့်၍ဘုံနန်းကစကားဆိုသည်။

“ဘာတွေတွေးနေတာလဲ မ....”

“ကလေး....”

ဘုံနန်း၏မေးခွန်းကိုအဖြေမပေးပဲ ‘ကလေး’ဟုခပ်တိုးတိုးလေးခေါ်လိုက်သောအခါရင်ခွင်ထဲမှနေ၍မော့ကြည့်လာသောဘုံနန်းရဲ့နှုတ်ခမ်းကိုမိုးညကအနမ်း‌တစ်ချို့ခြွေလေ၏။မိုးည၏အနမ်းများရပ်တန့်သွားသောအခါဘုံနန်းက သူမ၏မေးခွန်းကိုထပ်မေးပြန်သည်။

“ဘုံနန်းမေးတာဖြေဦးလေ မ..ရယ်”

“ကိုယ့်ကလေးလေးအကြောင်းတွေတွေးနေတာပေါ့ကွာ”

“ဘာလို့အပင်ပန်းခံပြီးတွေးနေမှာလဲ။ဒီမှာဘုံနန်းရှိနေတာပဲကို....”

“ကိုယ်သိပါတယ်။ဒါပေမယ့်ကိုယ့်ဘဝကြီးတစ်ခုလုံးကို မင်းလေးပဲလွှမ်းမိုးထားတာသိတယ်မဟုတ်လား။ကိုယ့်အနားမှာမင်းလေးရှိနေတာသိပေမယ့် မင်းလေးအကြောင်းတွေပဲထပ်ခါထပ်ခါတွေးနေမိတာမျိုးလေ”

“ပိုပြန်ပြီ မ..ရယ်”

“အရမ်းချစ်ရတာကိုး ကလေးရဲ့”

“ဘုံနန်းလည်း မ..ကိုချစ်တယ်။မ..ရဲ့မျက်နှာ‌လေးမကောင်းတော့စိတ်ပူမိလို့ပါ”

“အင်းပါ.....ကိုယ့်ကိုစိတ်မပူနဲ့‌နော်။အရာရာအဆင်ပြေပါတယ် ကလေး”

“ဒါပေမယ့် မ..ရဲ့မျက်နှာမကောင်းတာတွေ့နေရတယ်လေ။ဘာဖြစ်လို့လဲဟင်”

“ဘာမှမဖြစ်ပါဘူးဆိုကွာ”

“ဖြေပါ မ..ရယ်။ဘုံနန်းသိချင်တယ်”

“မင်းလေးကိုစိတ်ပူနေလို့ပါ။မင်းလေးရဲ့ခွဲစိတ်မှုနဲ့ပတ်သက်ပြီးကိုယ်စိတ်ပူနေတာ”

“ဘာကိုစိတ်ပူစရာရှိလို့လဲ။ဘုံနန်းကျန်းမာနေသားပဲကို။ခွဲစိတ်မှုကအဆင်ပြေမှာပါ”

မိုးညကသက်ပြင်းသဲ့သဲ့ချလေ၏။

“အခုကိုယ်‌ပြောတာသေချာနား‌‌ထောင်ကလေးလေး။ဘယ်လိုအခြေအနေမှာမဆိုမင်း‌လေးနေကောင်းအောင်နေရမယ်နော်"

Dark...Rainy Night💛Where stories live. Discover now