"ညီ....."
ဘုံနန်းကညီညာကျော်မင်းကိုပွေ့ဖက်နှုတ်ဆက်လိုက်သည်။ညီက ဘုံနန်းကိုပွေ့ဖက်ပေးထားရင်းမိုးညကိုလှမ်းကြည့်မိတော့မိုးညကအပြုံးသဲ့သဲ့ဖြင့်ပြန်လည်နှုတ်ဆက်ပါ၏။
"နင်တို့ကိုသတိရနေတာ။နင်တို့တွေအဆင်ပြေရဲ့လားဆိုပြီးစိတ်ပူပေမယ့် တကယ်လို့အရမ်းပျော်ရွှင်နေကြတဲ့အချိန်ငါတစ်ခုခုပြောလိုက်ရင်နှောင့်ယှက်သလိုဖြစ်သွားမှာစိုးလို့လေ။အခုတော့ငါစိတ်ပူနေသလိုဖြစ်လာခဲ့ပြီပဲ"
"ငါကြောက်တယ်ညီ"
ဘုံနန်းကခပ်တိုးတိုးစကားဆိုသည်။
"မကြောက်နဲ့ ဘုံနန်း။အဲ့ဒါတွေကိုငါဖြေရှင်းပေးမယ်"
"ဘယ်လိုဖြေရှင်းမလို့လဲ ညီ"
"ထားလိုက်စမ်းပါ ဘုံနန်းရယ်။အဲ့ဒါတွေငါ့ရဲ့တာဝန်ထားလိုက်။နင်ကမိုးညနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေ....ဟုတ်ပြီလား"
"ဒါပေမယ့်......"
"တော်တော့ ဘုံနန်း။ငါအခုမှရောက်တာနော်။ငါ့ကိုအနားယူခွင့်ပေးဦးလေဟာ။စကားများလိုက်တာ"
"ဟာ....ဟုတ်သား....ဆောရီး ညီ။ငါအလိုက်မသိသလိုဖြစ်သွားတယ်။လေယာဉ်အကြာကြီးစီးလာရတာပင်ပန်းမှာပေါ့။နင့်အတွက်စီစဉ်ထားတဲ့အခန်းကိုငါလိုက်ပို့ပေးမယ်"
"အဲ့လိုအလိုက်သိစမ်းပါ ဘုံနန်းရယ်"
***************************
ညနေစာအတူတူစားကြပြီးနောက်ဧည့်ခန်းထဲတွင်ထိုင်ရင်းစကားတွေအများကြီးပြောဖြစ်ကြသည်။မိုးညနှင့်ညီတို့နှစ်ဦးသင့်မြတ်သွားခြင်းကိုကြည့်၍ဘုံနန်းကျေနပ်မိရ၏။
သုံးယောက်အတူတူထိုင်ရင်းစကားပြောနေကြသည်မှာညနက်လာသည့်အထိဖြစ်၏။ညနက်လာသောအခါ ဘုံနန်းအိပ်ငိုက်လာခဲ့သည်။ဆိုဖာနောက်မှီတွင်မှီတွယ်ရင်းတဖြည်းဖြည်းနှင့်ဘုံနန်းအိပ်ပျော်သွားခဲ့၏။
မိုးညကညီနှင့်စကားပြောနေရာမှဘုံနန်းကိုသတိထားမိသွားပြီးဘုံနန်း၏ကိုယ်လေးကိုတယုတယဖြင့် သူမ၏ရင်ခွင်ထဲသို့ဆွဲယူလိုက်ပါသည်။မိုးညကဘုံနန်း နိုးမသွားစေရန်သတိထားလိုက်ရင်း ညီညာကျော်မင်းကိုကြည့်၍စကားပြောလိုက်သည်။
YOU ARE READING
Dark...Rainy Night💛
Romanceမ..ရဲ့ချစ်ခြင်းကမိုးစက်တွေအဖြစ်ရွာသွန်းရင်း ကလေးရဲ့နှလုံးသားကြမ်းပြင်မှာ သမုဒ္ဒရာတစ်စင်းဖြစ်တည်လာခဲ့မယ်ဆိုရင် အဲ့ဒီရေပြင်ကျယ်ထဲမှာနစ်မြုပ်နေချင်တဲ့သူပါ။ အဲ့ဒီရေပြင်ထဲက ကယ်တင်မယ့် တစ်ယောက်ယောက်ရဲ့လက်တစ်စုံမလိုချင်ဘူး။အဲ့ဒီရေပြင်ထဲမှာအဆုံးအထိ ကလေးရဲ့ခ...