မိုးညသိပ်ချစ်ရတဲ့ကလေးလေးက မိုးည၏ဂရုစိုက်ကြင်နာမှုများကိုခံယူရင်းပျော်ရွှင်ကျန်းမာနေတာကိုမြင်ရသောအခါ မိုးညကြည်နူးကျေနပ်နေမိ၏။
မိုးညသည်ဘုံနန်းကိုကြည့်ရင်းသူမလေးကိုချစ်မြတ်နိုးလွန်းသောစိတ်ဖြင့်လုပ်ခဲ့မိသောလုပ်ရပ်များကိုပြန်လည်တွေးမိလာသည်။ဘုံနန်း၏ခွဲစိတ်မှုအတွက်လိုအပ်နေသောနှလုံးကိုအလှူရှင်မိသားစုများထံမှလက်ခံရယူခဲ့သောကိစ္စနှင့်ပတ်သက်၍မှားသွားခဲ့ပြီလားဟုမိုးညတွေးမိသည်။
ဘုံနန်းကိုဆက်လက်ရှင်သန်စေလိုသောစိတ်ဖြင့် သက်ထက်နိုင်ဆိုတဲ့ကောင်မလေးထံမှနှလုံးကိုသူမ၏ချစ်သူက ပေးဖို့သဘောမတူခဲ့တာကိုသိသိရက်နှင့်မိုးညတို့အတင်းအကျပ်ရယူခဲ့ကြသည်။ဘုန်းထိုက်ညိုမသိအောင်စီစဉ်ပြီး ဒီကမ္ဘာပေါ်မှအဲ့ဒီကောင်မလေးကိုထွက်သွားခွင့်ပေးလိုက်ခြင်းကသူမ၏မိသားစုဝင်များအားလုံးစိတ်ချမ်းသာစေဖို့ကူညီခြင်းဖြစ်သည်ဟုတစ်ဖက်သတ်တွေး၍မိမိတို့လုပ်ရပ်မှန်ကန်သည်ဟုအတ္တကြီးစွာဆုံးဖြတ်ချက်ချခဲ့ကြသည်။
ခွဲစိတ်မှုအားလုံးပြီးစီးချိန်မှသိရှိသွားခဲ့သောဘုန်းထိုက်ညိုက အကြီးအကျယ်ဒေါသထွက်လျှက်မိုးညတို့ချစ်သူနှစ်ဦးကိုဖျက်ဆီးပစ်မည်ဟုကြိမ်းဝါးနေခဲ့သည်။မိုးညကိုအခွင့်အရေးရတိုင်းတိုက်ခိုက်နှောင့်ယှက်ရင်းခြိမ်းခြောက်နေခဲ့သည်။ဘုံနန်းအတွက်စိတ်ပူသဖြင့်ဘုန်းထိုက်ညိုမသိအောင်ကာကွယ်ထားခဲ့သည်။ထို့ကြောင့်ဘုံနန်းကိုဘုန်းထိုက်ညိုမြင်ဖူးခြင်းမရှိခဲ့ပါ။ထို့ကြောင့်သေချာစီစဉ်ပြီး ဘုံနန်းကိုအားလုံးနဲ့ဝေးရာသို့ယခုလိုခေါ်လာခဲ့ခြင်းဖြစ်၏။ဘုန်းထိုက်ညို၏လက်ကလွတ်မြောက်စေဖို့ဘာမဆိုလုပ်ရန်လိုအပ်သည်ဟုမိုးည တွေးထားမိသည်။
မိုးညကဖြစ်ရပ်တစ်ချို့ကိုခြောက်ခြားစွာတွေးတောရင်းအသိစိတ်လွတ်နေခိုက်တွင်လက်ထဲရှိဖုန်းထံသို့ခေါ်ဆိုမှုတစ်ခုဝင်လာသဖြင့်ထိတ်လန့်သွားခဲ့ရသည်။ကြည့်လိုက်တော့ညီညာကျော်မင်းထံမှဖြစ်သည်။ထိုအခါမှသက်ပြင်းသဲ့သဲ့ချရင်းမိုးညဖုန်းကိုင်လိုက်သည်။
YOU ARE READING
Dark...Rainy Night💛
Romanceမ..ရဲ့ချစ်ခြင်းကမိုးစက်တွေအဖြစ်ရွာသွန်းရင်း ကလေးရဲ့နှလုံးသားကြမ်းပြင်မှာ သမုဒ္ဒရာတစ်စင်းဖြစ်တည်လာခဲ့မယ်ဆိုရင် အဲ့ဒီရေပြင်ကျယ်ထဲမှာနစ်မြုပ်နေချင်တဲ့သူပါ။ အဲ့ဒီရေပြင်ထဲက ကယ်တင်မယ့် တစ်ယောက်ယောက်ရဲ့လက်တစ်စုံမလိုချင်ဘူး။အဲ့ဒီရေပြင်ထဲမှာအဆုံးအထိ ကလေးရဲ့ခ...