Chapter(14)💛

286 16 0
                                    

ဆေးရုံတွင်ဘုံနန်းအတွက်လိုအပ်သောဆေးစစ်မှုများလုပ်ကိုင်‌နေခြင်းကိုအဖော်ပြု‌စောင့်ကြည့်‌ပေးရင်းမိုးညအလုပ်ရှုပ်နေခဲ့သည်။တဖြည်းဖြည်းနှင့်ဘုံနန်းကိုခွဲစိတ်မှုပြုလုပ်မည့်ရက်သို့ရောက်ရှိလာခဲ့၏။

"အားလုံးအဆင်သင့်ဖြစ်နေပြီ မိုးည"

"ဒါဆို ခွဲစိတ်မှုစတင်တော့မှာပေါ့"

"အင်း....."

"ငါစိတ်ပူတယ် ညီ"

"ငါပြောတာနားထောင် မိုးည။အရာရာက အဆင်ပြေသွားလိမ့်မယ်။မင်းလုပ်ရမှာက မင်းကိုယ်မင်းဂရုစိုက်ဖို့ပဲ။ဘုံနန်းအတွက် မင်းရှိနေဖို့လိုအပ်တယ်"

"မင်းရော စိတ်မပူဘူးလား"

"ငါစိတ်ပူတာပေါ့။အရမ်းကြောက်နေတယ်။ဒါပေမယ့် ငါတို့ယုံကြည်ချက်ထားရမယ်လေ။အဆင်ပြေမှာပါ"

ကံကြမ္မာက မိုးညတို့ဘက်မှာရှိနေတယ်လို့ပြောလို့ရမည်ထင်၏။ဘုံနန်း၏ခွဲစိတ်မှုကအန္တရာယ်ကင်းစွာပြီးစီးသွားခဲ့သည်။သူမလေးပြန်လည်ကျန်းမာလာသဖြင့်မိုးညရဲ့ကလေးလေးကိုဘယ်တော့မှမဆုံးရှုံးရတော့ဘူးဟူသည့်အသိစိတ်ကြောင့်မိုးည၏ရင်ထဲငြိမ်းချမ်းသွားခဲ့ရသည်။ရက်ပေါင်းများစွာကြာပြီးသောအခါဘုံနန်းနိုးလာခဲ့ပါ၏။

“နိုးပြီလား ကလေးလေး”

“ငိုထားတာလားဟင်"

ဘုံနန်းက မိုးည၏မျက်နှာကိုသေချာကြည့်ရင်းမေးမြန်းလာခဲ့ပါ၏။

“မငိုထားပါဘူး ကလေးရယ်”

“မလိမ်ရဘူးနော်။မျက်နှာက သိသာနေတာကို...”

“ကိုယ်.....ကိုယ်....."

“ဘုံနန်းကိုအရမ်းစိတ်ပူနေတာမဟုတ်လား။အခုဘုံနန်း ဘာမှမဖြစ်တော့ဘူးလေ။နေကောင်းတယ်။စိတ်မပူနဲ့တော့နော်”

“အင်းပါကလေး။စကားအရမ်းမများနဲ့တော့။ကိုယ့်ကြောင့် ကလေးပင်ပန်းကုန်တော့မှာပဲ။ငြိမ်ငြိမ်နေ‌တော့နော်”

“ဟုတ်....မ..ရဲ့သဘောပါ”

ဘုံနန်း၏ခွဲစိတ်မှုအောင်မြင်ခဲ့ပြီးနောက် ဆေးရုံ၌လအတန်ကြာကုသမှုများစွာဆက်လက်ခံယူခဲ့ရပါ၏။မိုးညက နေ့ရက်တိုင်းတွင်ဂရုတစိုက်ရှိနေပေးခဲ့ပြီးဘုံနန်းကိုပြုစုယုယပေးခဲ့သည်။မိုးည၏ဂရုစိုက်မှုများစွာကြောင့်ဘုံနန်း၏ကျန်းမာရေးအခြေအနေတို့ပြန်လည်ကောင်းမွန်လာခဲ့ပြီးဆေးရုံဆင်းခွင့်ရခဲ့ပါ၏။

Dark...Rainy Night💛Where stories live. Discover now