အပိုင်း ၇

697 35 0
                                    


အိမ်ပြန်တဲ့လမ်းတစ်လျောက် ကိုကိုကြီးကိုသူကားစမပြောရဲဘူး အမှားလုပ်ထားတဲ့သူလိူမလုံမလဲခံစားချက်ကြီးက အသက်ရှုတောင်မဖြောင့်နိုင်သလိုပါပဲ ဦးလေးလာမကြိုတာဘာကြောင့်လဲမေးလိုက်ရင်ရပေမဲ့ ကိုကိုကြီးမေးလာတဲ့သဲနုငယ်နဲ့အကြောင်းကိုပြန်ဖြေဖို့သူ့မှာ အဖြေတကယ်မရှိ တခဏစိတ်အလိုလိုက်မိတဲ့အခိုက် သူဘာကြောင့်အဲ့လောက်ပျော်ဝင်သွားရတာလဲ နူးညံ့တဲ့အထိအတွေ့ ကိုယ်သင်းနံ့သင်းသင်း ဘယ်လောက်မှမကွာတဲ့အကွာအဝေးကြောင့် သူ့ရင်ခုန်သံကိုရိပ်မိသွားမလားတောင်ကြောက်ခဲ့ရတယ် အချစ်လို့ပြောရအောင်လည်း သူရောကိုယ်ပါ ယောင်္ကျားလေး..........

ကားပြတင်းပေါက်ကနေ အပြင်ကိုငေးပြီးတွေးနေခိုက်

"ညီညီ တွေးလှချည်လား အိမ်သွားလည်တာသူငယ်ချင်းတွေနဲ့အဆင်ပြေခဲ့ရဲ့လား"

"ကိုကိုကြီး သားက ဒီတိုင်းဆံပင်တွေရှုပ်နေလို့ ကူစည်းပေးခဲ့တာပါ ဒီတိုင်းကူညီရုံပါပဲ"

"ဟေ............ကိုကြီးက အဆင်ပြေခဲ့လားမေးတာပါ ညီညီကဘာတွေဖြေနေတာတုန်း"

ပြုံးစိစိနဲ့မသိသလိုပြန်မေးလာတာက တကယ်ခံရခက်တယ် ကိုကဒဲ့သမားမို့ ဒါမျိုးကအဆင်မပြေ

"ကိုကိုကြီး ဘာမေးချင်နေတာလဲ သားသိပါတယ်
သားက ရိုးရိုးသားသားပါ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ .......
ဒါနဲ့ညီညီ့သူငယ်ချင်းက လူကောင်သေးတယ်နော် ကလေးလိုပဲ"

"ဟုတ်တယ် နောက်တစ်ယောက်ကတော့ သားလောက်နီးနီးထွားပါတယ် သဲနုငယ်ပဲထူးပြီးကလေးလိုဖြစ်နေတာ ဒါမဲ့နည်းနည်းစွာတော့ အတန်းထဲ သူဗိုလ်ပဲ အေးဆေးနေပြီးမဟုတ်မခံလေး.........ဒါနဲ့ ဦးလေးရော"

"မေကြီးကိုဆိုင်သွားကြိုတယ် အချိန်ကိုက်ဖြစ်သွားတော့ ကိုကြီးလမ်းကြုံတာနဲ့ဝင်ခေါ်ခဲ့တာ
ရောက်နေတာကြာပြီ ညီညီကျစ်နေတာပြီးအောင်စောင့်နေတာ ငါ့ညီလေးက ဒါမျိုးတွေစိတ်ရှည်ပြီးလုပ်တတ်တာက ပထမဆုံးမြင်ရတာပဲမလား"

ခပ်ဟဟရယ်ပြီး စဖြစ်အောင်စနေသေးတဲ့ ကိုကိုကြီးကို တော်ပါတော့ဗျာဟုသာ ပြန်ပြောနိုင်တော့သည်

ချစ်ရပါသော သဲငယ်❤Where stories live. Discover now