အပိုင်း ၁၀

822 32 0
                                    


   မင်္ဂလာအပေါင်းခညောင်းနေသော နံနက်ခင်းဝယ် တစ်ထပ်အိမ်ကလေးထဲမှာတော့ လှုပ်ရှားမှုများအပြည့် အိမ်ရှေ့ဘုရားခန်းမှာ ပင့်ထားသော
သံဃာတော်များလာရင် နေရာထိုင်ခင်း
အဆင်သင့်ဖြစ်နေရန် စီစဥ်ညွှန်ကြားမှုများနဲ့ဆူညံနေသည်......
ဒီနေ့ သဲနုငယ်၁၈နှစ်ပြည့်မွေးနေ့
ဆယ်တန်းကို၆ဘာသာနဲ့အောင်တဲ့အထိမ်းအမှတ်အဖြစ်ပါပေါင်းပြီး တစ်ရပ်ကွက်လုံးကို ကြက်ဆီထမင်းဖိတ်ကျွေးကာ အိမ်မှာတရားနာကြွရန် မနေ့ကတည်းကနေဖိတ်ကြားထားပြီးသားဖြစ်သည်

မနက်စောစော၅နာရီကနေထကာ မိသားစု၃ယောက် တက်ညီလက်ညီလုပ်နေကြတာ ခု၇နာရီခွဲအထိ မပြီးကြသေး..သူ့ပြည့်က ခုနကရောက်လာပြီး ဝိုင်းကူနေတော့ သူရေချိုးဖို့ အိမ်နောက်ဝင်လာခဲ့သည်
လန်းဆန်းသွားအောင် ခေါင်းပါလျော်လိုက်ပြီး
မားအထည်ဆိုင်ကယူလာတဲ့ အကျီအဖြူလည်ကတုံးနဲ့ ပုဆိုးစိမ်းပုတ်ရောင်လေးအားဝတ်ကာ
ဆံပင်ရှည်ကို သေချာစွာစည်းထားလိုက်တော့သည်....ယောက်ျားလေးမို့အမျာကြီးပြင်ဆင်စရာမလိုပေမဲ့ သူ၏ဝဋ်ကြွေးလှလှလေးရှေ့မှာအဆင်ပြေအောင် မျက်နှာအား Skincareလူးပြီး lipbamအနီဖျော့ဖျော့လေးဆိုးလိုက်တော့ သူ့ကိုသူတော်တော်သဘောကျသွားသည် အပြီးသတ် လာဗင်ဒါရေမွေးလေးဖြန်းလိုက်ပြီး အိမ်ရှေ့ထွက်လာတော့
တိုက်တိုက်ဆိုင်ဆိုင်ပင် မဟာ့အိမ်က ကားလေးရောက်လာခဲ့တော့သည်......

ကားပေါ်ကဆင်းလာတဲ့ ဝဋ်ကြွေးလှလှလေးက
ပုဆိုးနဲ့မို့ တမျိုးကြည့်ကောင်းနေပြန်သည်
သူချစ်မိတာက ဘုရားဆုပန်ယောက်ျားလေးပေမို့ ထပ်တူကျနေတဲ့အဝတ်အစားက ပိုကြည်နူးစရာကောင်းနေပြန်ရာ.....
သူ့ကိုမြင်တော့ပြုံးပြကာ လက်ထဲအထုပ်တွေနဲ့အိမ်ထဲဝင်လာခဲ့တော့သည်

"ကူစရာရှိလားသဲနုငယ် ကားတွေပိတ်လို့နည်းနည်းနောက်ကျသွားတယ်"

"မရှိတော့ဘူး ပါပါးကသံဃာသွားပင့်တယ် လာမှပဲကူစရာရှိမှာ......လာဝင်ထိုင်လေ သူ့ပြည့်လည်းရောက်နေပြီ"

"ပိုးကတောင် သူ့ကိုမဖိတ်ဘူးလားစနေသေးတယ်"

မဆီမဆိုင် ကြည်လင်နေတဲ့စိတ်ကိုလာရှုပ်စေတဲ့စကားကြောင့် မဟာ့အားသူမျက်စောင်းထိုးလိုက်မိသည်....ဝဋ်ကြွေး​လေးကတော့ထုံးစံအတိုင်းပဲ
ဘယ်တော့မှအကြာကြီးကြည်နူးခွင့်မပေး....

ချစ်ရပါသော သဲငယ်❤Where stories live. Discover now