မဟာက သူ့ပြည့်နဲ့သဲနုငယ်ကိုငေးကြည့်ရာကနေ
အိမ်ထဲဝင်တာ သားနဲ့သမီးခန်းထဲရောက်တော့
ရေမိုးချိုးပြီးပုံစံနဲ့ သားကြီးလေးကသမီးငယ်ကို
ညဝတ်အကျီလဲပေးနေသည်...
သမီးငယ်က စူပုတ်ပုတ်မျက်နှာနဲ့သူ့အစ်ကိုဝတ်ပေးသမျှကို မလွန်ဆန်နိုင်စွာ အလိုက်သင့်လေးနေပေးပုံပေါ်သည်...
မျက်နှာလေးမဲ့ကာ အကျီလက်ပေါက်အားအတင်းထိုးထည့်နေသူနဲ့ သူ့ညီမနဲ့ခန္ဓာအရွယ်အစားကအစတူပါသော်လည်း သူဟာအစ်ကိုကြီးဟုယူဆကာ မနိုင်မနင်းအကျီလဲပေးနေသူတို့၏မြင်ကွင်းကား ကြည်နူးဖွယ်ရာပင်..
လက်ကလေးတုတ်တုတ်လေးနဲ့ သူ့ညီမလက်အားရဲရဲပင်မကိုင်ရဲ ဖွဖွလေးကိုင်ကာ အကျီလက်ရှည်ပေါက်အားထိုးထည့်နေပုံက အဲယားကွန်းခန်းထဲ ချွေးပါပြန်နေလောက်သည်...
မဟာဆက်မကြည့်နေနိုင်တော့သဖြင့် အကျီတထည်နဲ့နပန်းလုံးနေသူနှစ်ယောက်ကြားဝင်ကာ..
"ဒယ်ဒီဝတ်ပေးလိုက်မယ်သားကြီး.."
"I can do it Daddy.."
"Yeap..you can do it...but I also want to takecare..."
"Ok...Daddy.."
အရေးထဲ ဘိုလိုမှုတ်ကာဖြီးဖြန်းနေတဲ့သူ့အစ်ကိုဖြစ်သူအား သမီးငယ်ကစိတ်ညစ်သလိုလေးကြည့်နေတော့သည်...
"တူးကိုကယ်ပါ ဒယ်ဒီ
ဒီနေ့ တူးအကျီဝတ်ပြီးပ့မလား.."
မဟာ ခွီးခနဲ့တောင်ထရီမိသည်....
တကယ်တော့အကျီကဝတ်ရသိပ်မခက်ပါ
ဒါပေမဲ့ သားကြီးရဲ့လက်တိုတိုတုတ်တုတ်လေးတွေက သူ့ညီမတစ်တုတ်လေးအားမနိုင်တာပင်.
"ကိုကိုကပြောရသိပ်ခက်တယ်ဒယ်ဒီ
တူးစိတ်ညစ်လိုက်တာ.."
"ကိုကိုက တူးကိုကူညီတာပါ"
"တူးလုပ်တတ်ပါတယ်ဆိုတာလည်း ကိုကိုသိသင့်တာပဲလေ...ခုလည်းကြည့် မျက်နှာသစ်ပေးတာရှေ့ဆံပင်တွေပါစိုကုန်ပြီ..."
"ကိုကို Dryer နဲ့မှုတ်ပေးမယ်..."
"အား....တော်ပြီတော်ပြီ... တူးဆံပင်တွေမီးကျွမ်းကုန်မှဖြင့်....တူးကိုကယ်ပါဒယ်ဒီရယ်...
တူးကိုဘာကြောင့်ဖေငယ်ကအရင်မမွေးခဲ့တာလဲမသိဘူး...တူးတကယ်စိတ်ညစ်လာပြီ.."
ညီမဖြစ်သူကလည်း ငိုမဲ့မဲ့နဲ့ငြင်း..
အစ်ကို့ဖြစ်သူကဖြင့် အကုန်သူလုပ်ပေးမှနဲ့ မဟာတစ်ယောက် ကြားထဲမူးနောက်လာရတော့သည်
သဲနုငယ် ဘယ်လိုများထိန်းခဲ့ပါလိမ့်...
ဒီ့ထက်ငယ်တဲ့အချိန်တွေမှာ ဘယ်လိုမျိုးပျိုးထောင်ခဲ့သလဲ မဟာတွေးရင်း ရင်မောလာရသည်....သူမရှိခဲ့တဲ့ သားနဲ့သမီး ငယ်ဘဝပြောင်းလဲမှုတွေကို သူပြန်ခံစားကြည့်ချင်သည်..
မွေးကင်းစနီတာရဲရုပ်ကလေးတွေ
မှောက်တတ် ထိုင်တတ် တွားသွားတတ်စအချိန်တွေ တီတီတာတာစပြီးပြောတတ်စအချိန်ကာလတွေကို မဟာဘယ်လိုမှပြန်သိမြင်ခွင့်မရတော့ပြီမို့ နှမြောလွန်းလှသည်....နောင်တတွေလည်းအကြီးအကျယ်ရသည်...သူဟာတန်ဖိုးရှိလှတဲ့အရာတွေနဲ့အဝေးမှာပျော်မွေ့နေခဲ့တာပဲ...
ဒီလိုမျိုးအနှစ်အရသာပြည့်တဲ့ဘဝကိုငြင်းခဲ့မိတာပဲ....မင်းအရမ်းမိုက်မဲလွန်းခဲ့တယ်မဟာ...
YOU ARE READING
ချစ်ရပါသော သဲငယ်❤
Romansaနာတယ် ရင်ထဲထိနာတယ် ဘယ်ကစလို့ဘယ်လိုမှားလဲမသိပေမဲ့ ငါမင်းကိုလက်ခံဖို့မဖြစ်နိုင်ဘူး အဲ့တာကြောင့်ငါနဲ့ဝေးဝေးနေပါ ...... သဲနုငယ် ငါအချစ်ကိုမသိဘူး မချစ်တတ်ဘူးလို့ထင်ထားခဲ့ပေမဲ့ မင်းရောငါတို့အသွေးအသားလေးတွေရောက ငါ့ဆီမှာရစ်နှောင်တွယ်နေခဲ့ပြီ ငါ့ကိုခွင့်လွှတ...
