အချိန်တစ်လလောက်ကြာသောအခါ........
"မဟာ....ဒီနေ့ထမင်းချိုင့်မပါဘူးလား"ဟု သူ့ပြည့်အမေးကို"အေး....ဖေကြီးနဲ့မေကြီးပွဲတက်ရလို့ ငါလည်းလိုက်သွားတာမို့ချိုင့်မပါလာဘူး"
ထိုစဥ် သဲနုငယ်က "ငါတို့နဲ့မျှစားလေ ငါတို့မှာဟင်းတွေအပိုပါတယ် ငါ့အမေလက်ရာကအရမ်းကောင်းတာ"ဟုဆိုတော့ သူမျှစားဖို့ပဲသဘောတူလိုက်တော့တယ်.......
"ဒါနဲ့ စကားမစပ် မင်းတို့ လာဗင်ဒါရေမွှေးသုံးလား ငါသတိထားမိနေတာကြာပြီ လာဗင်ဒါအနံ့ကမွှေးနေတယ်အတန်းထဲမှာ"
သူ့စကားကြောင့် သူ့ပြည့်နဲ့သဲနုငယ်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးပြုံးလိုက်ကြသည်......"အေး...ငါ့ဆီကတော့မဟုတ်ဘူး ငယ်ငယ်ဆီက သူ့အမေက လာဗင်ဒါအရမ်းကြိုက်တော့ သူ့ရေချိုးဆပ်ပြာ ပေါင်ဒါ လိုးရှင်းအကုန်လာဗင်ဒါပဲ အဲ့တာကြောင့်" "အင်း ဟုတ်တယ် ကလေးကနေစွဲသုံးတာဆိုတော့ ငါကအမြဲလာဗင်ဒါအနံ့ထွက်နေတာ မဟာ...မင်းနဲ့အဆင်မပြေလို့လား"ဟု သဲနုငယ်ကတိုးတိုးလေးမေးပြန်တော့သည်......
"မဟုတ်ပါဘူးကွာ ငါသတိထားမိလို့ဒီတိုင်းပဲမေးကြည့်တာပါ ရှိသေးတယ် နောက်သိချင်တာတစ်ခု သဲနုငယ် မင်းကဆံပင်ရှည်ဘာလို့ထားတာလဲ ကျောင်းကထားခွင့်ပေးတယ်လား"
"တမင်ထားတာမဟုတ်ပါဘူး ငါကဆံပင်တိုညှပ်ရင် နေမကောင်းဖြစ်တတ်လို့ အရမ်းရှည်လာရင်တော့ အဖျားလေးတွေတိပေးတယ် လုံးဝအတိုညှပ်ပလိုက်ရင် ငါအသဲအသန်ဖျားရောပဲ" ငါကထူးဆန်းနေတယ်မလားဆိုပြီး ပါးတွေချိုင့်အောင်ရယ်ပြီးမေးပြန်တော့ သူအမှတ်တမဲ့ငေးမိပြန်တယ် ပြောလို့ပြောတာမဟုတ်ဘူး သဲနုငယ်မှာ လှတာတွေကောင်းတာတွေတော်တော်များတယ် ရှေးဘဝဆုတောင်းကောင်းတယ်ပြောရမှာပေ့ဟုစိတ်ထဲတွေးမိနေတော့သည်........
ဖေကြီးကဆေးရုံအုပ်မို့ ရန်ကုန်ကိုပြောင်းရမယ်ဆိုတော့ သူနဲ့အဆင်မပြေဖြစ်သေးတယ်လူစိမ်းဆိုသိပ်မရောတတ်တဲ့သူ့အကျင့်ကြောင့် သူငယ်ချင်းအသစ်တွေနဲ့အဆင်ပြေပ့မလားလို့တွေးပြီး စိတ်ရှုပ်ခဲ့ရသေးတယ် ကံကောင်းတာပါပဲ သဲနုငယ်တို့လိုအေးဆေးပြီး တည်ငြိမ်တဲ့သူတွေနဲ့ခင်မိသေးလို့ ပြီးရင်သူက ဂေးဆိုတဲ့အရာကိုလက်မခံတဲ့သူ တကယ်လို့ပတ်ဝန်းကျင်မှာဂေးတစ်ယောက်သာတွေ့မိခဲ့ရင် စိတ်အလိုလိုတိုပြီး ဒေါသထွက်မိပြန်ရော တွေးကြည့်အူးလေ ဘယ်နယ့်သဘာဝကိုလွန်ဆန်ပြီး မျိုးတူယောက်ျားချင်းချင်း ချစ်ကြသတဲ့ သူ့မှာဂေးအလာဂျစ်ရှိသလိုဖြစ်သွားတဲ့ဖြစ်ရပ်ကိုတွေးပြီး ကျောရိုးကပါစိမ့်သလိုခံစားမိတော့ ပခုံးတွန့်မိသေးတယ်........
![](https://img.wattpad.com/cover/342227507-288-k92411.jpg)
YOU ARE READING
ချစ်ရပါသော သဲငယ်❤
Romanceနာတယ် ရင်ထဲထိနာတယ် ဘယ်ကစလို့ဘယ်လိုမှားလဲမသိပေမဲ့ ငါမင်းကိုလက်ခံဖို့မဖြစ်နိုင်ဘူး အဲ့တာကြောင့်ငါနဲ့ဝေးဝေးနေပါ ...... သဲနုငယ် ငါအချစ်ကိုမသိဘူး မချစ်တတ်ဘူးလို့ထင်ထားခဲ့ပေမဲ့ မင်းရောငါတို့အသွေးအသားလေးတွေရောက ငါ့ဆီမှာရစ်နှောင်တွယ်နေခဲ့ပြီ ငါ့ကိုခွင့်လွှတ...