နာကျင်စရာ အတိတ်သို့အလည်တစ်ခေါက်
လက်စွပ်သွားရွေးပြီးနေ့ကနေ သူနဲ့သဲနုငယ်မတွေ့ဖြစ်ကြ....မဟာလည်းလုပ်စရာရှိတာကို ဟာကွက်မရှိရအောင် အသေးစိတ်ပြင်ဆင်နေသည်...ဖေကြီးမျက်စိမကျရအောင်လည်းဟန်ဆောင်နေရသေးသည်
ညဖက်ဆို စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်
ဒီညလည်းအိပ်မပျော်ပြန်တာမို့ ဝရံတာမှာ
ထွက်ထိုင်ပြီး နွားနို့ပူပူလေးသောက်နေခိုက်
"ညီညီ.....မအိပ်သေးဘူးလား"
"ဟုတ်....ကိုကိုကြီး
အိပ်မပျော်လို့...."
"တပတ်ခါပွဲအတွက် စိတ်လှုပ်ရှားနေတာလား"
ကိုကိုကြီးစကားကို သူပြုံးမိလိုက်သည်
လှောင်ပြုံးဆန်သွားပေမဲ့...မတတ်နိုင်
"အဟက်......ဆိုပါတော့.."
စိတ်လှုပ်ရှားနေတာလားမေးရင် သူတကယ်စိတ်လှုပ်ရှားပါတယ်...စေ့စပ်ပွဲအတွက်တော့မဟုတ်
ကိုကိုကြီးက တစ်ဖက်ခုံမှာဝင်ထိုင်လိုက်ပြီး
"ညီညီတောင် အိမ်ထောင်ကျတော့မှာပဲနော်
ကိုကသိပ်မှာစရာမရှိပေမဲ့ ကို့လက်တွဲဖော်ကို မပင်ပန်းစေဖို့မှာချင်တယ်....စိတ်ရော လူရောပေါ့"
"သားတစ်ခုမေးချင်လို့"
"မေးလေ....စကားပလ္လင်ခံစရာမလိုပါဘူး"
"ကိုကိုကြီးဆိုရင်ရော အိမ်ထောင်ဖက်က ယောက်ျားလေးဖြစ်နေရင် ဘယ်လိုလုပ်မလဲ"
"အင်း.....ကို့အတွက်ကတော့ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကိုချစ်တဲ့လူဆိုရပြီး
ဘဝကြီးကတိုတိုလေးရယ် မသေခင်တော့ ချစ်တဲ့သူနဲ့နေလို့ရသလောက်နေသွားချင်တယ်
အရင်ကိုပြောဖူးသလိုပဲပေါ့ အချစ်မှာသတ်မှတ်ချက်မရှိဘူး....ယောက်ျားလေးချင်းချစ်တာအပြစ်မဟုတ်ဘူး...အဓိက အချစ်ကစစ်နေဖို့နဲ့
အဆိပ်မဖြစ်စေဖို့ပဲ"
"ပြီးတော့....ညီညီဖက်ကကြည့်ရင် လက်မခံနိုင်ပေမဲ့ သဲနုငယ်က ချစ်ဖို့ထိုက်တန်တဲ့ကလေးတစ်ယောက်ပါ သူ့ပုံစံကိုကအချစ်ခံလေး
ကိုကိုကြီးတောင် သူ့ကိုညီနဲ့သဘောတူတာ
သူ့ဖက်မှာပြောစရာဘာမှမရှိလို့ပဲ
တွေးကြည့်ပေါ့ညီညီရာ...ဘဝဆိုတာ တခါတလေ ကိုမျော်လင့်ထားသလိုမဖြစ်တတ်ဘူး
ညီညီကခါးသီးနေပေမဲ့ သူနဲ့ကျချိုရင်ချိုသွားလိမ့်မယ်...ကိုပြောတာနားလည်လား..."
YOU ARE READING
ချစ်ရပါသော သဲငယ်❤
Romanceနာတယ် ရင်ထဲထိနာတယ် ဘယ်ကစလို့ဘယ်လိုမှားလဲမသိပေမဲ့ ငါမင်းကိုလက်ခံဖို့မဖြစ်နိုင်ဘူး အဲ့တာကြောင့်ငါနဲ့ဝေးဝေးနေပါ ...... သဲနုငယ် ငါအချစ်ကိုမသိဘူး မချစ်တတ်ဘူးလို့ထင်ထားခဲ့ပေမဲ့ မင်းရောငါတို့အသွေးအသားလေးတွေရောက ငါ့ဆီမှာရစ်နှောင်တွယ်နေခဲ့ပြီ ငါ့ကိုခွင့်လွှတ...
