အပိုင်း ၆

759 37 0
                                    

    တီ တီ တီ......

အိမ်ရှေ့ကဟွန်းတီးသံကြောင့် ငယ်ငယ်တစ်ယောက်မီးဖိုခန်းကနေ လှမ်းကြည့်မိတော့တယ်

"ငယ်ငယ်  သူငယ်ချင်းလာပြီလားမသိဘူး ထွက်ကြိုလိုက်အူးလေ ကူစရာသိပ်မရှိတော့ဘူး မားပဲလက်စသတ်လိုက်မယ် သွား သွား"

"ဟုတ် မား"

သဲနုငယ်ကအိမ်ရှေ့ကိုခုန်ပေါက်ပြီးထွက်လာခဲ့တယ် အိမ်မှာဆို သူကအဲ့လိုလွတ်လွတ်လပ်လပ်ဆိုးနေတတ်တဲ့ကလေးတစ်ယောက်မလား  ဆံပင်ကိုကလစ်ကြီးကြီးနဲ့အကုန်ပင့်ထုံးထားပြီး တီရှပ်ပွပွကြီး ဘောင်းဘီပေါင်လယ်အတိုလောက်နဲ့မို့ ၁၅နှစ်အရွယ်မထင်ရပဲ ကလေးသေးသေးလေးလိုပင် ထင်ရတော့တယ် ရေချိုးခေါင်းလျော်ထားလို့ မခြောက်သေးတဲ့ဆံပင်ကချထားသင့်ပေမဲ့ မီးဖိုချောင်ဝင်ကူနေလို့ ဖြစ်သလိုထုံးဖွဲ့ထားမှုကြောင့် ဂုတ်သားနုနုပေါ် ဟိုတစ်စ ဒီတစကပိုကရိုကျနေတဲ့ဆံပင်တွေက မိန်းကလေးနဲ့ပိုတူအောင် ပံ့ပိုးနေသလိုလို.....

"မဟာ  လာလေ သူ့ပြည့်တော့ခနနေမှရောက်မယ်ထင်တယ် ဟိုဖက်လမ်းတင်ပဲမို့ လမ်းလျောက်လာခဲ့မယ်တဲ့"

"ဟုတ်လား  ခနနော်
ဦးလေးထူး သားပြန်ခါနီးမှဖုန်းဆက်လိုက်မယ်နော် ညနေလောက်မှဖြစ်မယ်ထင်တယ် ရလား"

"ရတယ် ညီညီ  ပြန်ချင်ရင်ဖုန်းဆက်လိုက် ဦးလေးလာခဲ့မယ်"

"ဟုတ်"

"လာ အိမ်ထဲဝင်ကြမယ် မဟာ
အမ်  ဒါနဲ့လက်ထဲကဘာတွေလဲ"

"မင်းအတွက် ကိတ်နဲ့ မင်းပါးနဲ့မားအတွက် အသီးတွေ  နာနတ်သီးလည်းပါတယ်"

"အတော်ပဲ ငါဒီနေ့ နာနတ်သီးချက်စားချင်နေတာ"

  ပြောပြောဆိုဆိုနဲ့ဧည့်ခန်းထဲနှစ်ယောက်သားဝင်ထိုင်နေကြတယ်.....

"ခနနော် မဟာ  ငါရေသွားခပ်လိုက်အူးမေ"

အိမ်နောက်ဖက်သို့ဝင်သွားတဲ့သဲနုငယ်ဆီကနေ အကြည့်လွဲပြီး ပထမဆုံးရောက်ဖူးတဲ့သူ့အိမ်ကိုကြည့်မိတော့တယ် စနစ်ကျတဲ့မိသားစုဖြစ်တဲ့အလျောက် ပစည်းအထားအသိုတွေကအစ သပ်ရပ်နေတယ် ဗီဒိုအသေးလေးပေါ်မှာ သဲနုငယ်ရခဲ့တဲ့ဆုတွေအစီအရီ နံရံပေါ်မှာ နှစ်ဖက်ဘိုးဘွားတွေလို့ထင်ရတဲ့ဓာတ်ပုံတွေ မိသားစုပုံတွေ ကြည့်လိုက်တာနဲ့နွေးထွေးတဲ့မိသားစုဖြစ်ပုံမြင်ရပါတော့သည် သဲနုငယ်က အမေတူသားလေးပဲ အသားဖြူတာကသူ့အဖေနဲ့တူတာနေမှာ
ပန်းအိုးသေးသေးလေးတွေ ဧည့်ခန်းထဲက အပင်လေးတွေက အသက်ရှုဝသလို စိတ်လည်းကြည်လင်ရပါတယ် တစ်ထပ်အိမ်လေးကမကျဥ်းမကျယ် သုတ်ထားတဲ့အရောင်က ဗေဒါရောင်နုနုလေး ခန်းစီးလိုက်ကာအဖြူလေးနဲ့မို့ သူတကယ်သဘောကျရသွားတယ်

ချစ်ရပါသော သဲငယ်❤Where stories live. Discover now