အပိုင်း ၂၃

729 23 1
                                    


ကားသော့ကိုလက်မှ ဝေ့ယမ်းပြီးလေချွန်ကာ မြူးတူးစွာဝင်လာတဲ့ မဟာစေစားရာအား
ဧည့်ခန်းထဲထိုင်နေသော ဦးထိပ်တန်းမှာအမြင်ကတ်စွာ ကြည့်နေမိသည်...
ပြီးတော့မှ ပြောစရာကိစ္စအကြောင်းသတိရတာနဲ့

"သားငယ်....ဒီကိုခနလာအူး..."

"ဟုတ်.."

ဟိုဖက်အိမ်မှာ Officialနေခွင့်ရပြီမို့ မဟာ့အဝတ်အစားအသုံးအဆောင်တွေ ပြောင်းရွေ့ဖို့လာတာဖြစ်ပေမဲ့ ဖေကြီးကစကားပြောချင်နေသည်မို့ သူရိုရိုကျိုးကျိုးလေးပဲ ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်...

"စင်ကာပူ ရုံးခွဲကိုသွားကြည့်လိုက်သားငယ်
လက်မှတ်ထိုးမဲ့ကိစ္စက မင်းမရှိရင်ငါရှိမှဖြစ်မှာ."

"ဟာ...ဖေကြီးကလည်း ခုမှပြောတယ်
သားမအားဘူး.....ဖေကြီးသွားလိုက်ပါ"

"ငါလည်းမအားလို့ပေါ့ကွ."

"ဖေကြီးက ခုလည်းအားနေတာပဲကို..."

"တပတ်လောက်ကြာမှာဟ ငါမအားဘူး
ဒီမှာကိစ္စရှိသေးတယ်..."

"သားလည်းမအားဘူးရယ်..."

"မင်းမှာဘာကိစ္စရှိလို့လဲ
ကုမဏီမှာလည်းထွေထွေထူးထူးမရှိပါဘူး
ရှိလည်းစိတ်မပူနဲ့ ငါကြည့်ရှင်းထားလိုက်မယ်
မင်းဟိုကိုသွားလိုက်... "

"မသွားချင်ဘူးဖေကြီး
သဲနုငယ်ကခုမှသားကိုလက်ခံတာ ခုတောင်
သူ့အိမ်သွားနေမို့ပစည်းတွေလာယူတာ.."

"ပြန်လာမှသွားနေ
ခုတော့ ခနသွားလိုက်... "

"ဖေကြီးက ဒီမှာဘာအရေးကြီးကိစ္စရှိနေလို့လဲ..."

"မဟာ....ပြောရတာတော်တော်လက်ပေါက်ကပ်ပါလားဟ....ငါကမင်းအဖေ သွားဆိုသွားလိုက်..."

"မဟုတ်သေးပါဘူး...သားကခုမှမိသားစုနဲ့တူတူနေခွင့်ရမှာလေ ပြီးတော့တပတ်ကြီးများတောင်ကြာမှာ...မရဘူးရယ်...
သား သူတို့ကိုမခွဲနိုင်ဘူး..."

"ဒီတပတ်ထဲ မင်းအမေ မွေးနေ့ရှိတယ်ဟ
ငါရှိပေးနေမှဖြစ်မယ်...မင်းကပဲသွားလိုက်"

"ဟာ.....ဖေကြီးကစားပြီ....
သားလည်းမခွဲနိုင်ဘူး ဖေကြီးကမေကြီးနဲ့
တူတူရှိနေတာကြာပြီ ဒီနှစ်မရှိပေးလို့ဘာမှမဖြစ်ဘူး မဟုတ်ရင်မေကြီးပါခေါ်သွားလိုက်...သားကတော့နိုးပဲ.."

ချစ်ရပါသော သဲငယ်❤Where stories live. Discover now