အပိုင်း ၅

1.3K 45 0
                                    

"ကိုကိုကြီး.....ကိုကိုကြီး"
"ဟဲ့.....သားငယ် ဖြေးဖြေးသွားလေ သားကြီးအခန်းထဲရှိတယ် အော်...."
မေကြီးအော်ပြောတဲ့စကားကိုပင်သူဂရုမစိုက်နိုင်ပဲ ကိုကိုကြီးအခန်းသို့သာ ဒုန်းစိုင်းပြေးသွားလေတာ့သည် သူ့အပူကိုသူသာသိတယ်မလား
      
      "ညီညီ  ဘာတွေအလောတကြီးဖြစ်လာတာလဲ ဖြည်းဖြည်းလာလည်းရတာကို"

"ကိုကိုကြီး  သားမေးစရာရှိလို့"

"အင်း မေးလေ ဘာများတုန်းကွ"

"လူတစ်ယောက်ကိုငေးကြည့်ရုံနဲ့မျက်ရည်ပါကျလာတဲ့ထိခံစားရတာက ဘာလို့လဲ"

     သူ့အမေးကို အလန့်တကြားကြည့်မိတဲ့ မဟာအခရာ.... ညီအစ်ကို၂ယောက်ပဲရှိတဲ့အပြင် သူ့ထက်၈နှစ်ငယ်တဲ့ ညီလေးကသူ့အတွက်တော့ခုထိကလေးလေးလိုပဲ အသက်၁၅နှစ်ပေမဲ့ သူ့လိုမဟုတ် အဖေ့ဖက်လိုက်ပြီး ထောင်ထောင်မောင်းမောင်းနဲ့ မျက်ခုံးကြီးကုတ်နေတတ်သူက အချစ်အကြောင်းကိုမေးလာမယ်လို့ သူမထင်ထားတာကတော့ အမှန်ပဲ....

"ကိုကိုကြီး   သားမေးတာဖြေအူးလေ"

"အချစ်......အချစ်ကြောင့်ပဲ   အတိအကျကြီးအခြေနေကိုမသိပေမဲ့ ငေးကြည့်ရုံနဲ့အဲ့လိုဖြစ်တယ်ဆို သေချာပေါက်အချစ်ပဲ ညီညီ
ဒါနဲ့ ညီညီခံစားရတာလား"

မဖြစ်နိုင်တာ  တကယ်မဖြစ်နိုင်တာ သူဘယ်လိုမှလက်မခံပေးနိုင်ဘူး သူ့လိုလူက ဘာလို့ယောက်ျားတစ်ယောက်ကို ချစ်မိတာဖြစ်နိုင်ပ့မလဲ ဟင့်အင်း မဖြစ်နိုင်ဘူး ဖြစ်လည်းမဖြစ်ရဘူး
သူက အချိန်တန်ရင်မိန်းမယူပြီး သာမာန်မိသားစုဘဝကိုပဲလိုချင်တာ လူ့ပတ်ဝန်းကျင်အများစုက လက်မခံကြတဲ့ သူမကြိုက်တဲ့ ယောက်ျားအချင်းချင်း ချစ်ကြိုက်လက်ထပ်ကြတဲ့ဘဝကိုသူလိုချင်တာမဟုတ်ဘူး
   ကိုကိုကြီးစကားမှာ သူခြေမခိုင်တော့သလို ကုတင်ထက်ထိုင်မိတော့တယ်

"ညီညီ  ကိုကိုကြီးမေးတာပြန်ဖြေအူးလေ"

"ဟင့်အင်း သူငယ်ချင်းတစ်ယောက်ဖြစ်တာမြင်ခဲ့တာပါ အာကြောင့်မေးကြည့်တာ"

"အော်.......ကိုကိုကြီးဖြင့် ရင်ထိတ်သွားတာပဲ ဘာများလဲလို့   ကဲပါ ရေမိုးချိုးတော့လေ ထမင်းလက်ဆုံစားမို့ ဖေကြီးတောင်ပြန်လာနေပြီ"

ချစ်ရပါသော သဲငယ်❤Where stories live. Discover now