အပိုင်း ၁၉

5.1K 133 2
                                        


မနက်စောစောမနက်စောစော အဆင့်မြင့်ကွန်ဒိုခန်းထဲမှ အိပ်ခန်းတစ်ခုထဲဝယ်...ကလေး၂ယောက်နဲ့
ဖေဖေသေးသေးလေးတစ်ယောက်မှာ အလုပ်တွေရှုပ်နေကြတယ်...ဦးဦးတို့ကဒီနေ့လာမယ်ဆိုတော့ သဲနုငယ်ခမျာ ဘယ်လိုစလုပ်ရမှန်းမသိအောင် ပျာနေရသည်....တနေကုန်နေမည့်သဘောရှိတာကြောင့် ကလေးတွေကိုပါ သေချာလေးသင်ပေး ပြင်ဆင်ပေးထားရသည်
အဘိုးအဘွားနဲ့တွေ့ပေးဖို့အရေး သူတောင်ရင်ခုန်နေမိတာ..တီတီတို့ဆို ဘလောက်တောင်ပျော်နေလိုက်မလဲ....မိသားစုနဲ့သေကွဲ ခွဲရတဲ့ခံစားချက်ကရဖူးတာမို့ သွေးသားတွေကို မခွဲစေချင်ပါဘူးအရင်တုန်းက သူ့အပေါ်ကောင်းခဲ့တဲ့သူတွေမို့
သူလည်း ခုပြန်ကောင်းပေးရမယ်မလား
ဖြစ်ခဲ့သမျှက တီတီတို့လုပ်ခဲ့တာမှမဟုတ်တာ
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်လို့မှမဖြစ်တာမို့...မဟာ့ကို စိတ်နာတာက
ဦးဦးတို့မေတ္တာကိုစော်ကားဖို့မဟုတ်...

ဒိုင်ဘာလေးကိုယ်စီဝတ်ကာ အကျီအရောင်ရွေးနေသော အတတ်ပတတ်လေး၂ယောက်အား
သူဘယ်တော့မှ စိတ်မရှည်မဖြစ်
၅နှစ်ကျော်အရွယ်ပေမဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိရမယ်...ကိုယ်ဘာလုပ်ချင်လဲ ဘာလိုချင်လဲတွေးတတ်ရမယ်ဆိုတာက စကားပြောတတ်စကနေသူသင်ပေးထားတဲ့အမူအကျင့်...အဲ့အကျင့်က သမီးငယ်ကလိုက်နာပေမဲ့ သားကြီးကတော့ သူ့ညီမနဲ့အကုန်တူတူပဲရွေးချယ်နေတုန်း...

"ဖေငယ်.....တူးက red colorနော်"

"Ok....သားကြီးလေးကရော..."

"ဝမ်းလည်း အနီလေးပဲဝတ်ပ့မယ်"

သားကြီးအဖြေစကားအား သူပြင်ခိုင်းစေချင်တာကြောင့် အိပ်ရာပေါ်က သားကြီးရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး...

"သားကြီး....ဖေငယ်ပြောတာသေချာနားထောင်နော်....တူးတူးလေးက redရွေးတိုင်း သားကလည်းလိုက်ရွေးစရာမလိုဘူး...
သားကြိုက်တာဝတ်ခွင့်ရှိတယ် ညီမလေးနဲ့ကGenderမတူတော့ ဘယ်လိုပဲအမြွှာဆိုဆို
ကြီးလာရင် သားတို့ကကွဲပြားလာတာပဲ
Genderကိုနားလည်လား သားကြီး"

"ဟုတ်....ကျား မ ကိုပြောတာပါ"

"Nice....Smartboyလေး"

"ကိုကို Blue Colorဝတ်ကြည့်လေ
ဝမ်းက အပြာလေးနဲ့ပိုလိုက်တယ်"

ချစ်ရပါသော သဲငယ်❤Where stories live. Discover now