"Hello........."
အော်သံအကျယ်ကြီးနဲ့ ဝင်လာတဲ့သူ့ပြည့်ကြောင့် သဲနုငယ်တို့သားအဖတွေ လန့်သွားခဲ့တော့သည်....မနက်စောစော မနက်စာစားပြီးဧည့်ခန်းထဲ ကလေးတွေကိုစာဖတ်ပြမယ်လုပ်နေတုန်းပင်...ထိုင်းကနေ အကြောင်းမကြားဘာမကြား
ရောက်လာသူက လက်ထဲအထုပ်တွေအပြည့်နဲ့
"Welcome back သူ့ပြည့်.."
"Thanks ငယ်ငယ်"
သဲနုငယ်က တစ်ချက်ပြုံးပြကာသွားနုတ်ဆက်လိုက်တော့..သူ့ပြည့်ကပှေ့ဖကျကာပွနျနုတျဆကျသညျ...ထိုအခြင်းအရာကြောင့် သွေးတက်သွားသူက မဟာစေစားရာ.....
နုတ်ဆက်တာက ရိုးရိုးနုတ်ဆက်လည်းရတာကို
သူ့ပြည့်ကလည်း လှေကားပေါ်ကဆင်းလာသူအား ကြည့်မိတော့ သူ့ကိုပင်အမှုန့်ခြေပစ်တော့မဲ့အကြည့်နဲ့ကြည့်နေပုံက ကြက်သီးထဖွယ်အတိ
ဘာလား....ဒီကောင်ဒီအိမ်မှာအိပ်တာလား
ငါမရှိတဲ့ လပိုင်းအတွင်းဘာတွေဖြစ်ကုန်တာလဲ
ခေါင်းထဲအတွေးများစွာ စီတန်းနေကာ
နားမလည်နိုင်တဲ့အကြည့်နဲ့ သဲနုငယ်ကိုမျက်ခုံးပင့်ပြကာမေးတော့....
"ပိတ်ရက်တွေဆို သားနဲ့သမီးကခေါ်အိပ်ခိုင်းနေလို့..."
ရှက်သလိုလိုနဲ့မပွင့်တပွင့်ဖြေသံကြားရတော့
သဲနုငယ်လည်းကြည်ဖြူစွာခွင့်ပြုထားတဲ့ပုံပဲ
အခြေနေကောင်းနေတာပဲ....နောက်ဆုံးတော့
မိသားစုလေးပြန်နွေးထွေးခဲ့ရပြီပဲ
သူ့သူငယ်ချင်းလေး သူ့ညီလေးမှာ
ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးမဲ့သူရှိသွားပြီပဲ...
"သက်မင်းရော......"
"ဖေပြည့်ကလည်း
တူးတို့ကျ မေးတောင်မမေးဘူး....
ကိုကိုသက်မင်းကျ ရောက်တာနဲ့တန်းမေးနေပြီ"
"ဟား...ဟား....
တောင်းပန်ပါတယ်သမီးငယ်ရယ်
ဖေပြည့်က ဒီမှာမမြင်လို့မေးမိတာပါ...."
"ရှိတယ်ရယ်...
ကိုကိုသက်မင်းရယ်.....ဖေပြည့်ပြန်လာပြီ"
ခေါ်သာခေါ်ပေးနေတာ သမီးငယ်က သူ့ပြည့်ကိုမကျေနပ်သလိုလို စိတ်ကောက်နေသလိုလိုပင်
"လာပါအူး...ဖေပြည့်အသဲလေးတွေရဲ့
လွမ်းနေတာ.... အလွမ်းဖြေကြရအောင်"
YOU ARE READING
ချစ်ရပါသော သဲငယ်❤
Romansနာတယ် ရင်ထဲထိနာတယ် ဘယ်ကစလို့ဘယ်လိုမှားလဲမသိပေမဲ့ ငါမင်းကိုလက်ခံဖို့မဖြစ်နိုင်ဘူး အဲ့တာကြောင့်ငါနဲ့ဝေးဝေးနေပါ ...... သဲနုငယ် ငါအချစ်ကိုမသိဘူး မချစ်တတ်ဘူးလို့ထင်ထားခဲ့ပေမဲ့ မင်းရောငါတို့အသွေးအသားလေးတွေရောက ငါ့ဆီမှာရစ်နှောင်တွယ်နေခဲ့ပြီ ငါ့ကိုခွင့်လွှတ...
