အပိုင်း ၂၆

808 16 4
                                    


ကားကို ဘောစ့်ကိုယ်တိုက်မောင်းမယ်ပြောလို့ လက်ထဲအပ်လိုက်မိတာ မြတ်မင်းတကယ်မှားပြီ
ဘယ်လမ်းတွေက ဘယ်လိုအရှိန်နဲ့မောင်းလာမှန်းတောင်မသိရအောင်ထိ မြတ်မင်ဘုရားစာရွတ်နေရတာပင်...သူလည်း၁၈နှစ်ပြည့်ပြီကတည်းကနေကားမောင်းလာခဲ့တာပါ ဒါပေမဲ့...
ဒီလိုဖြတ်လမ်းတွေမှာ
လမ်းကျဥ်းကျဥ်းတွေကြား ကားတွေကိုပတ်ရှောင်ပြီး ကိုငယ့်အိမ်ကို၁၅မိနစ်မပြည့်ခင်ရောက်လာတာက တော်တော်လွန်တာပေ့
ဘောစ့်.....တော်တော်ဖြစ်နေတာပဲ....

အိမ်ရှေ့ရောက်ပြီး ဘဲလ်တီးလိုက်တာနဲ့ ခြံတံခါးလာဖွင့်ပေးတာက သက်မင်း....

"အိမ်ပြန်ပြီးနားလိုက်တော့မြတ်မင်း..
ငါဒီမှာပဲနေဖြစ်မှာ..."

"ဟုတ်ကဲ့ဘောစ့်...တခုခုလိုရင်ကျနော့်ကိုဖုန်းဆက်လိုက်ပါ..."

စကားကပြန်သာပြောနေရတာ မြတ်မင်းအသံက
တုန်နေသလိုပင်...သူခုထိရင်တုန်မပျောက်သေးဘူး...ကားပေါ်တက် စက်နိုးပြီးတာနဲ့ ဘီးကိုဖြည်းဖြည်းလေးလိမ့်ပြီးသာပြန်လာခဲ့ရတော့သည်....

"မင်းတို့ ကိုငယ်ရော...."

ခြံတံခါးလာဖွင့်ပေးတာဆိုပေမဲ့ သက်မင်းကခုထိသူ့ကိုကြောင်ကြည့်နေတုန်း...

"ဘာလဲ...ငါလာရင်ပေးမဝင်ရဘူးမှာထားလို့လား"

"ဟိုလေ ကိုကြီး.....ကိုငယ်က...."

"ဖွင့်လိုက်ပါကွာ....ကိုယ်တာဝန်ယူတယ်
မင်းအဆူမခံစေရဘူး.."

သက်မင်းက မဟာ့ကိုနဂိူကတည်းကနေ ရှိန်နေတာမို့ သိပ်ကြာကြာမပြောလိုက်ရ
မဟာ့ရဲ့မျက်ခုံးကုပ်ပြီး အသံလေးမာသွားရုံနဲ့
ခြံတံခါးက ချက်ချင်းပွင့်သွားရသည်...

"သူရော....."

"ခုနကပဲ အခန်းထဲဝင်အိပ်မယ်ပြောခဲ့တယ်ကိုကြီး.."

"ကလေးတွေရော...."

"မူကြိုမှာ..ခနနေ ကျနော်သွားကြိုမို့...."

"ကို့card ယူသွား....
သူ့ပြည့်ကို ကိုယ်ဖုန်းဆက်ထားတယ်
ကလေးတွေကို
သူနဲ့တူတူသွားကြိုပြီး ညနေစာစားပြီးမှပြန်လာခဲ့
မင်းတို့ကိုငယ်နဲ့ ကိုအဆင်ပြေအောင်ညှိလိုက်အူးမယ်....ကလေးတွေကို ကိုယ်ပြန်လာပြီလို့လည်းပြောလိုက်အူးနော်"

ချစ်ရပါသော သဲငယ်❤Where stories live. Discover now