..Warning မပေးပါဘူးနော်
ပေးရလောက်တဲ့ထိကို ကွက်ကွက်ကွင်းကွင်းမရေးထားတဲ့တွက် ဂီမပေးထားပါဘူး
ဘယ်အသက်ရွယ်မဆို ဖတ်လို့ရပါတယ်.အခန်းတံခါးကိုဆွဲဖွင့်လိုက်တာနဲ့ အခန်းထဲလေထုကအေးစိမ့်နေတာမို့ သဲနုငယ်ပခုံးတချက်တွန့်သွားမိ၏....ဘေးကနေအရိပ်တကြည့်ကြည့်ဖြစ်နေသူက ချက်ချင်းပခုံးသေးသေးလေးအားဆွဲယူကာ ရင်ခွင်ထဲထည့်ထားလိုက်တော့သည်..
"မင်း အေးနေမှာစိုးလို့..."
ဘာလုပ်တာလဲဆိုတဲ့အကြည့်စူးစူးနဲ့ကြည့်လာသူအား အကြောင်းပြချက်ပေးရပြန်သည်...
မဟာ့စကားကို သိပ်ကျေနပ်ဟန်မပေါ်သော်လည်း ရုန်းကန်ခြင်းတော့မရှိ....
ခေါင်းတစ်လုံးစာနိမ့်နေတဲ့အရပ်ကလေးကိုပိုင်ဆိုင်သူလေးအား ငုံ့ကြည့်နေရင်းတောင် အချစ်တွေတိုးလာမိတဲ့အဖြစ်....
သူအချစ်ရူး ရူးနေပြီပဲ...ကျယ်ဝန်းလှတဲ့အခန်းကြီးကြောင့် သဲနုငယ်မှာ
ပါးစပ်အဟောင်းသားဖြင့်အံ့သြနေရ၏
Kingsizeကုတင်ကြီးက အခန်းအလယ်တည့်တည့်မှာ ထီးထီးမားမားကြီး..စာအုပ်ဗီဒိုတွေ
အရုပ်စင်တွေ ပန်းပင်တွေကြောင့် အခန်မှာနေရာလွတ်ကသိပ်မရှိသလိုပင်....
ရေချိုးခန်းအိမ်သာဘေးတွင် အဝတ်လဲခန်းသက်သက်ရှိပြီး ထိုအခန်းထဲဝယ်
အဝတ်အစားကို သူ့နေရာအလိုက်သပ်ရပ်စွာစီတန်းထားသေးသည်
နာရီသက်သက်စီတန်းထားသောမှန်ဗီဒိုကြီးက
သဲနုငယ်အား မျက်လုံးပိုပြူးစေသည်..
Suit မျိုးစုံ Coatမျိုးစုံ necktie မျိုးစုံတို့ဖြင့်ပြည့်နက်နေကာ Brandသီးသန့်စီတန်းထားသောကြောင့် ဘဝတွက်ဒီတခါသာမြင်ဖူးသည့်မြင်ကွင်းမျိုးပင်....
သူ့ယောက်ျားက ဒီလောက်ချမ်းသာတာလား.."ရေအရင်ချိုးမလားသဲငယ်...ပြီးမှအေးဆေးနားလေ ကလေးတွေကကြာအူးမှာ.."
"အင်း..."
သဲနုငယ်ရဲ့တုန့်ပြန်သံက အဖျားခတ်တုန်ယင်နေတာကြောင့် မဟာခိုးရီမိတယ်..
ဒီဟာလေးက သူ့ပိုင်ဆိုင်မှုတွေကြောင့် တုန်တောင်တုန်နေတယ်တဲ့လား...
သူ့အိမ်မှာဆို အသံတစာစာနဲ့စွာနေတတ်တဲ့သူက
မဟာ့အခန်းကိုပဲပြရသေးတယ် အသံပင်သိပ်မထွက်ချင်တော့...ဒီတခါတော့မဟာအလှည့်ပဲ
အကွက်ကောင်းရောက်တုန်း အနိုင်ကျင့်ရမယ်
![](https://img.wattpad.com/cover/342227507-288-k92411.jpg)
YOU ARE READING
ချစ်ရပါသော သဲငယ်❤
Romanceနာတယ် ရင်ထဲထိနာတယ် ဘယ်ကစလို့ဘယ်လိုမှားလဲမသိပေမဲ့ ငါမင်းကိုလက်ခံဖို့မဖြစ်နိုင်ဘူး အဲ့တာကြောင့်ငါနဲ့ဝေးဝေးနေပါ ...... သဲနုငယ် ငါအချစ်ကိုမသိဘူး မချစ်တတ်ဘူးလို့ထင်ထားခဲ့ပေမဲ့ မင်းရောငါတို့အသွေးအသားလေးတွေရောက ငါ့ဆီမှာရစ်နှောင်တွယ်နေခဲ့ပြီ ငါ့ကိုခွင့်လွှတ...