အပိုင်း ၂၄

4K 88 8
                                        


လက်မှတ်ထိုးတဲ့ကိစ္စပြီးသွားတာနဲ့ အပြင်ကိုထွက်ဖို့လောကြီးနေသူက မြတ်မင်းပါ...
သူဒီအခန်းထဲကမြန်မြန်ထွက်ချင်ပြီ
ဒါရှော့အကြီးကြီးဖြစ်မဲ့အလားအလာမျိုး...
ဟိုဖက်က မိန်းကလေးက သေချာပေါက် ဘောစ့်ကိုလာနွယ်လိမ့်မယ်ဆိုတာ သူ့အာရုံထဲအထင်းသား.....ဘောစ့်က ခုတလော Social Mediaတွေမှာ ခေတ်ထနေတာ...လူလွတ်ဖြစ်ပြီးအရှုပ်အချက်ကင်းတယ်ဆိုတာကြောင့် သူသူငါငါမိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုကိုအပြည့်အဝရထားသူတစ်ယောက်...ဒီလိုမျိုးမိန်းကလေးတစ်ယောက်နဲ့သာတွဲပြီးသတင်းထွက်ကြည့်....မိုးကိုမီးလောင်တာကမှခံသာအူးမယ်...ကမ္ဘာပျက်လိုက်မဲ့ဖြစ်ခြင်း....

မဟာစေစားရာသည် လက်မှတ်ထိုးပြီးတာနဲ့လှည့်ပြန်မည်လုပ်သော်လည်း နောက်ကျောမှသူ့နာမည်ခေါ်သံကြောင့် မလှည့်မဖြစ် လှည့်ကြည့်ရသေးသည်....

"မဟာ....ပိုးက မဟာဟုတ်မှဟုတ်ပ့မလားလို့လိုက်လာကြည့်တာ....ဒီရောက်တော့တကယ်
ဖြစ်နေတာပဲ...."

ငယ်တုန်းကလိုအလှမျိုးမဟုတ်ပေမဲ့ အသက်အရွယ်အရ ရင့်ကျက်တဲ့အလှမျိုးပိုင်ဆိုင်ထားသူမို့ ခပ်ပြုံးပြုံးလေးစကားပြောနေတာကပင် ငေးကြည့်နေစရာလေးပါ...
မဟာ တော်တော်ဖြစ်နေတာက သဲနုငယ်ပေမဲ့
ပိုးကလည်း သူ့ရည်းစားဦး...
တချိန်တခါက အတူတူထွက်ပြေးဖို့ထိအောင်လုပ်ထားခဲ့တဲ့သူ...မတွေ့ခဲ့ရတာလည်းကြာပြီမို့
သူချက်ချင်းကြီးတော့ ဘယ်လိုပြန်ပြောရမယ်မသိ.....

"အင်း.....ပိုးကရော ဒီမှာအလုပ်ဝင်နေတာလား.."

"အင်းပေါ့....ကျောင်းပြီးတာနဲ့ အလုပ်တန်းဝင်လိုက်တာ...ပိုး မြန်မာပြည်ရောက်ဖြစ်ရင် မဟာ့အကြောင်းစုံစမ်းဖြစ်သေးတယ်...UKရောက်သွားတယ်ကြားတယ်နော်..."

"အင်း...ဟုတ်တယ် ကျောင်းပြီးတာနဲ့
အဲ့မှာကိုယ် Shipပေါ်ရောက်သွားလို့..."

"ခုရော...ကုမဏီမှာပဲအလုပ်ဝင်လုပ်ဖြစ်နေတယ်ပေ့"

"ကိုယ်ပဲ ဆက်ခံသူဖြစ်ဖို့ပဲရှိတာကို
ကိုကိုကြီးက စီးပွားရေးသိပ်စိတ်မဝင်စားဘူးလေ"

"ရောက်တုန်းလေး ပိုးBirthday Partyလေးတက်ပေးပါအူးလား....ဒီညလုပ်မှာ....မဟာလာပေးရင်သိပ်ပျော်စရာကောင်းမှာပဲ..."

ချစ်ရပါသော သဲငယ်❤Where stories live. Discover now