အပိုင်း ၁၈

740 35 5
                                    

  မဟာ ရှေ့ကလမ်းပြပေးနေတဲ့ ဝန်ထမ်းကောင်လေးနောက်က လိုက်လာခဲ့ချိန် အိတ်ကပ်ထဲက ဖုန်းမြည်သံကြောင့် ခြေလှမ်းရပ်ကာ
ဖုန်းကိုင်လိုက်ရသည်....ဝန်ထမ်းလေးကတော့အလိုကျသိစှာ ခပ်လှမ်းလှမ်းမှာရပ်စောင့်ပေးနေတယ်....

"Hello.....မေကြီး..."

"သားငယ် မင်းဖေကြီးသွေတိုးပြီးမူးလဲလို့
အိမ်ကိုခနပြန်လာပါအူး......."

"ဟမ်....ဟုတ် မေကြီး သားခုပဲပြန်လာနေပြီ"

သူဖုန်းကိုချပြီး ခပ်လှမ်းလှမ်းက ဝန်ထမ်းလေးအားလှမ်းခေါ်လိုက်သည်...

"ညီလေး....အကိုအရေးတကြီးကိစ္စပေါ်လို့
ပြန်သွားရမယ်
မင်းတို့ဒေါက်တာကိုပြောပေးပါ
နောက်တခါထပ်လာခဲ့ပါ့မယ်လို့"

"ဟုတ်ကဲ့အကို....ဂရုစိုက်သွားပါအူးဗျ"

ခါးလေးညွတ်ကာ ဖော်ရွေစွာပြုံးပြတဲ့ဝန်ထမ်းလေးအား သူလည်းပြန်ပြုံးပြလိုက်မိသည်

ဒီဆေးရုံကဝန်ထမ်းတွေအကုန်ဖော်ရွေကြသည့်ပုံ...သဲနုငယ်ကသေချာလေးစီမံပေးတတ်တာပဲ....အရင်လို စနစ်တကျစီမံနိုင်တုန်းပါ...
ဘာမှထူးထူးခြားခြားမပြောင်းလဲသွားဘူး
နောက်တခါမှတွေ့ကြတာပေါ့သဲငယ်
မောင် အမြန်ဆုံးပြန်လာခဲ့ပ့မယ်....
သူနောက်ကြောင်းပြန်လှည့်ပြီး ခပ်သွက်သွက်လေးပြန်ထွက်လာခဲ့ကတော့
အဝင်ဝမရောက်ခင် Receptionက ကောင်မလေးတွေက သူချက်ချင်းပြန်သွားတို့ကို အံ့သြသလိုကြည့်နေကြရတော့၏..သူခေါင်းတချက်ညိတ်ပြကာ ပြုံးပြလိုက်ပြီး ပြန်ထွက်လာခဲ့တော့သည်
နှမြောလိုက်တာ......

"Hello ကိုယ် သဲနုငယ်ပါ"

"ဟုတ်ကဲ့ဒေါက်တာ...
ဧည့်သည်က အရေးကြီးကိစ္စရှိလို့ ချက်ချင်းပြန်ထွက်သွားပါတယ် နောက်တခါလာခဲ့ပ့မယ်တဲ့
ဒီအကြောင်းလေး လှမ်းအကြောင်းကြားတာပါ"

"OK.....ကိုယ်သိပြီ
ကျေးဇူးနော်..."

"ဟုတ်....ကျေးဇူးပါဒေါက်တာ
ကောင်းတဲ့နေ့လေးဖြစ်ပါစေ"

"You too...."

နုတ်ဆက်ပြီး ဖုန်းချလိုက်တာသေချာမှ
သူလွတ်လပ်စွာ သက်ပြင်းချမိတော့သည်....
တွေ့ချင်နေခဲ့တာ.....ခံစားချက်တွေကိုဘေးခနဖယ်ပြီး မမြင်ရတာကြာပြီမို့ ဒီတိုင်းပဲတွေ့ချင်နေမိခဲ့တာ.... ပြောင်းလဲသွားတဲ့ ရုပ်ရည် အကျင့်တွေကို တခါလောက်မြင်ဖူးချင်ခဲ့တာ...
ဒီနေ့တော့ တွေ့ဖို့ကံမပါသေးဘူးပဲ
တွေ့ရင် စကားဘယ်လိုပြောရမလဲတောင်စဥ်းစားထားပြီးနေတာကို. ..
အတွေးတွေနဲ့အတူ စိတ်ကောက်သလို နုတ်ခမ်းကခပ်စူစူဖြစ်နေတာမို့ တစ်ယောက်ယောက်သာမြင်ရင်...ရည်းစားမလာလို့စိတ်ကောက်နေတဲ့ကောင်မလေးအတိုင်းပဲလို့ မုချထင်ကြအူးမှာပင်

ချစ်ရပါသော သဲငယ်❤Where stories live. Discover now