အပိုင်း ၂၇

4.6K 82 2
                                        


"တိတ်တော့လေ အသဲရဲ့.....မင်းဒီလိုဆက်ငိုနေမယ်ဆို မောင်ဘာဆက်လုပ်ရမှန်းမသိ လမ်းပျောက်တော့မှာပေါ့...."

"အင့်.....ငါက....ငါကလေ...ငါ့ဖက်ကပဲတစ်ဖက်သတ်...."

ငိုရင်းနဲ့ တတွတ်တွတ်ပြောနေတဲ့စကားတွေက သဲနုငယ် အားငယ်ခဲ့ရတဲ့အချိန်တွေအကြောင်းမို့ မဟာနားထောင်ပေးစရာအကြောင်းမရှိ
ဒီအချိန်ကချစ်ရမဲ့အချိန်.....အဲ့တာကြောင့်
စကားလုံးတွေကို မဟာ့နုတ်ဖျားလေးတွေနဲ့ပဲ ပိတ်ပေးလိုက်တော့သည်...

"မွ...."

နုတ်ခမ်းသားနုနုလေးအား ထိရုံလေးနမ်းလိုက်တော့ အရှက်သည်းသူက မျက်လွှာလေးချသွားသေး၏....

"ဘယ်လိုတွေတွေးပလိုက်တာလဲကွာ...
မောင်က မင်းကိုစတွေ့ကတည်းကနေချစ်နေတဲ့သူပါ...မောင်ကိုယ့်ဘာသာမသိခဲ့လို့ဖြစ်ခဲ့ရတာ
မင်းဆီကထွက်ပြေးခဲ့တာကလည်း အမှန်တရားကိုလက်မခံရဲခဲ့လို့ပါ..."

"မင်းကလူဆိုး...."

"အင်း....မောင်ကလူဆိုး..အဲ့ဒါကြောင့်
မောင့်အသဲကပဲ လိမ်မာအောင်ထိန်းသိမ်းပေးပါအူး....."

ပြန်ပြေလည်သွားတဲ့အချိန်ကနေ ခုထိ သဲနုငယ်က မဟာ့ရင်ခွင်အောက်မှာရှိနေတုန်း...
မဟာက Official ချစ်ကြောင်းပြောပြီးတာနဲ့
ပါးလေးတွေ နားသယ်စလေးတွေ နဖူး
နှာဖျားလေးတွေကအစမကျန် နမ်းနေတာ ခုဆို၁နာရီလောက်တောင်ရှိနေပြီ...နှစ်ယောက်လုံးမမောနိုင်မပန်းနိုင်ကြသေးဘူး...
အသဲတယားယားနဲ့ နမ်းနေတဲ့သူကနမ်း
အနမ်းခံသူမှာလည်း မျက်နှာကြီးတစ်ခုလုံး ရဲတွတ်နေတာတောင် မငြင်းရှာဘူး....
တွေးနေရင်းနဲ့မဟာအသဲထပ်ယားလာတော့
နှာဖျားလေးကိုဖွဖွလေးကိုက်မိလိုက်တယ်...
အကိုက်ခံရသူက ကိုယ်လေးတစ်ချက်ဆတ်ခနဲ့တွန့်သွားပေမဲ့ အပြုံးကတော့မပျက်...
ချစ်ကြည်နူးတစ်တီတူးနေတာကလည်းကြာလှပြီ....ကလေးနှစ်ယောက်ရထားတာတောင်
မဟာ့အနမ်းတွေကို ရင်ခုန်နေတုန်း...ရှက်နေတုန်း

သဲနုငယ်ရင်ထဲမှာ ခုချိန်ခံစားချက်တွေရောထွေးနေရသည်....သူပဲငယ်စဥ်ကနေချစ်ခဲ့တယ်ထင်နေတာ....မဟာလည်းသူ့လိုခံစားချက်ထပ်တူရှိခဲ့တာပဲ.....မဟာစေစားရာရဲ့ ဝန်ခံချက်အပြီးမှာ
သဲနုငယ်ငိုချလိုက်မိတော့သည်...
ဘယ်လိုမှတင်းထားလို့မရပဲ သူဟာဟိုးအစကနေ ဒီလူရဲ့နှလုံးသားထဲရှိခဲ့တာဆိုတဲ့အတွေးက
သူ့ကိုဝမ်းသာစေသလို ဝမ်းလည်းဝမ်းနည်းရသည်....မဟာက သဲနုငယ်ငိုလေ ပိုနမ်းလေးမို့လည်း ရင်တွေလည်းခုန်နေရသည်....
ကုတင်ပေါ်ဝယ် လဲနေတဲ့သဲနုငယ်အပေါ် မဟာကအုပ်မိုးထားကာ ဆံပင်လေးတွေကိုဖွလိုက်
ပါးနုနုလေးကိုနမ်းလိုက် နုတ်ခမ်းလေးကိုဖွဖွလေးနမ်းလိုက်နဲ့အလုပ်များနေသော်လည်း
သဲနုငယ်ကတော့ မဟာကိုပဲကြည့်ကာ ပြုံးနေတာကရပ်တန့်မရပေ.....မျက်နှာတစ်ခုလုံးကရှက်စိတ်ကြောင့်ရော မဟာနမ်းနေတာရောကြောင့်နီရဲနေသော်လည်း သူမတားမိ....
သူအချစ်ခံရတာကြိုက်တယ်....အထူးသဖြင့်
သူ့ကိုမြတ်မြတ်နိုးနိုးဖြစ်နေတဲ့မဟာ့အပြုအမူတွေကို ကြည့်နေရတာပိုကြိုက်တယ်...

ချစ်ရပါသော သဲငယ်❤Where stories live. Discover now