တုန်ရီနေတဲ့လက်တစ်စုံနဲ့ ဖုန်းနံပါတ်တွေရော SocialMedia Account တွေရော ရှိသမျှအဆက်သွယ်တွေအကုန် Blockထားလိုက်တော့သည်
မယုံကြည်နိုင်သေးပေမဲ့ ကြည်လင်နေသောဓာတ်ပုံတွေက Editလုပ်ထားတာမဖြစ်နိုင်တဲ့အပြင်...တစ်ယောက်သောသူရဲ့ငယ်ရည်းစားကလည်း ခုချိန်ထိမမှတ်မိနိုင်စရာမရှိ...
လုပ်ရက်လိုက်တာ....ဒီလိုမျိူးပြန်ပေါင်းထုပ်မဲ့အစီစဥ်ရှိရင် ဘာလို့ငါ့ဆီကိုပြန်လာခဲ့သေးတာလဲမဟာ....နေသားကျနေတဲ့ငါတို့မိသားစုကို
ဘာကြောင့်ရယ်များ အတင်းဝင်ခဲ့သေးသလဲ
ခုထိမပြောင်းလဲသေးပါဘူး မင်းကငါ့ရဲ့ဝဋ်ကြွေးဖြစ်နေတုန်းပဲ.....လုပ်ရက်လိုက်တာလို့ပဲတွေးပြီး
ကို့ဘာသာပဲအပြစ်တင်မိတော့တယ်
ဟိုးအစကနေ ခုထိငါကအရမ်းလွယ်နေတုန်းပဲ
စိတ်ယိုင်လည်းလွယ်တယ်...မင်းဆိုတဲ့နာမ်လေးကို နီးနီးကပ်ကပ်လေးနေမိတာနဲ့ ငါကအမှတ်မရှိတဲ့သူဖြစ်ကုန်ရော....ရင်တွေနာလိုက်တာ..
ပါးပြင်ကိုအလွယ်တကူအနမ်းပေးစေဖို့ ခွင့်ပြုလိုက်ရအောင်ထိ သူကမင်းအတွက်အရေးပါနေတုန်းပဲ....ဒီတစ်ခါပိုအထိနာတယ်မဟာ...
သားနဲ့သမီးပါ မင်းကိုသံယောဇဥ်ရှိနေပြီဖြစ်တဲ့အတွက် ဒီတခါငါပိုပြိုလဲရတယ်....
တစ်ခါသေဖူးပျဥ်ဖိုးနားလည်တဲ့...ငါက၂ခါသေဖူးပြီမို့ ပိုနားလည်သွားပြီ...
သူများနဲ့နမ်းနေပြီးမှ ငါ့ကိုလွမ်းတယ်လို့ မင်းပါးစပ်ကပြောထွက်တယ်နော်....မသတီစရာကြီး...ပြသနာစကတည်းကနေ တောက်လျောက်ခေါ်နေတဲ့ တီတီနဲ့ဦးတို့ရဲ့ဖုန်းတွေကိုပါ အဆက်သွယ်ဖြတ်ချင်တဲ့အဆုံး ဖုန်းပိတ်ပြီးကုတင်ပေါ်ခနလှဲနေလိုက်ရသည်....ဒူးတွေမခိုင်တော့ဘူး...
သားနဲ့သမီးကိုလည်းအားနာတယ်...သူတို့ဒယ်ဒီရဲ့အကြောင်းတွေကို မသိအောင်ဖုံးထားရတာလည်းလွယ်မနေခဲ့ဘူး....အရိပ်အကဲသိတတ်လွန်းတဲ့ သားကြီးကလည်းသူ့ကိုအကဲခတ်နေသေးတယ်.....
ဓာတ်ပုံတွေ....ဟိုးငယ်စဥ်ခါကနေပုံတွေ
မနေ့ညက ပျော်မြူးချစ်တီတူးနေကြတဲ့ပုံတွေ
တစ်ခါပဲကြည့်မိတာက မျက်လုံးထဲခုထိစွဲနေရသလား...
သွေးကြောစိမ်းတွေပါမြင်ရအောင် ဖြူဖွေးနုဖတ်နေတဲ့ ပါးပြင်၂ဖက်မှာမျက်ရည်စီးကြောင်းတွေက အဆက်မပြတ်စီးဆင်းနေကြကုန်သည်
မကုန်ခမ်းနိုင်တဲ့မျက်ရည်တွေကိုလည်းမုန်းတယ်
ပြုံးပျော်နေတဲ့မျက်နှာနှစ်ခုကိုလည်မုန်းတယ်
သူနဲ့ပက်သက်ရင် အမှတ်မရှိတဲ့နှလုံးသားကိုလည်းမုန်းတယ်...သူနဲ့ပက်သက်ရင်အမြဲပြိုလဲနေရတဲ့ ကိုယ့်ဘာသာလည်းမုန်းတယ်
ပြီးတော့...ခုထိချစ်နေမိသေးတဲ့မင်းကိုလည်းမုန်းတယ်......
YOU ARE READING
ချစ်ရပါသော သဲငယ်❤
Romanceနာတယ် ရင်ထဲထိနာတယ် ဘယ်ကစလို့ဘယ်လိုမှားလဲမသိပေမဲ့ ငါမင်းကိုလက်ခံဖို့မဖြစ်နိုင်ဘူး အဲ့တာကြောင့်ငါနဲ့ဝေးဝေးနေပါ ...... သဲနုငယ် ငါအချစ်ကိုမသိဘူး မချစ်တတ်ဘူးလို့ထင်ထားခဲ့ပေမဲ့ မင်းရောငါတို့အသွေးအသားလေးတွေရောက ငါ့ဆီမှာရစ်နှောင်တွယ်နေခဲ့ပြီ ငါ့ကိုခွင့်လွှတ...