အချစ်.......
ချစ်တတ်တဲ့သူတွေကြားမှာ လှပစွာပွင့်လန်းနေတဲ့ ပန်းလေးတပွင့်ပါပဲ....
ပြုစုမဲ့သူရှိမှ ပျိုးထောင်မဲ့သူရှိမှ ယုယတဲ့သူရှိမှ
အလှပဆုံး အဝင့်ကြွားဆုံးပွင့်လာမဲ့ပန်းပါ....
ဘယ်လောက်ပဲခက်ခဲပါစေ အချစ်သာစစ်ရင်
တချိန်ကျ ပေါင်းကို ပေါင်းဖက်ရမှာမလွဲဧကန်
တစ်ခုသော နံနက်ခင်းတွင် မဟာတစ်ယောက် စောစီးစွာ နိုးလေနေသည်.....
"သဲငယ်.....သဲငယ်..."
ကုတင်ပေါ် အေးချမ်းစွာအိပ်မောကျနေတဲ့ သူ့အသဲအသက်လေး ပခုံးအားညင်သာစွာလှုပ်နိုးမိတော့ ဇင်ယော်တောင်လိုကော့ညွတ်နေတဲ့မျက်ခုံးလေး နှစ်ခုက ပူးကပ်လုနီးပါး တွန်းချိုးလာလေတော့သည်...
များမကြာမီ သူအရမ်းချစ်ရတဲ့ မျက်တောင်ကော့ကော့လေး အပေါ်သို့တက်ကာ မျက်ဝန်းနှစ်ခု အကြည့်ချင်းဆုံလေတော့မည်ကိုကြိုသိနေတော့..မဟာက ကြင်နာစွာပြုံးပြဖို့ရယ်ဒီဖြစ်နေတော့သည်....
သူ့အချစ်လေး မနက်စောစောမှာစိတ်ချမ်းသာစွာနိုးထဖို့က သူ့အရေးကြီးဆုံးတာဝန်တစ်ခုပါပဲ..
မဟာနဲ့ကွဲကွာနေတဲ့ ကာလပတ်လုံးမှာ ကလေးနှစ်ယောက်နဲ့ခက်ခဲစွာရုန်းကန်ခဲ့ရသူမို့ ဒီချိန်ကျတော့ မဟာ့အပေါ်ချွဲသည် ဂျစ်သည် ဂျီသည်..
ဒါကိုလည်း မဟာကအဆင်မပြေပုံ တစိုးတစိမှမပေါ် သူ့အသဲအသက် သူ့နှလုံးသား သူ့ဘဝ
သူ့မိသားစုဆိုတဲ့ အတ္တလှလှလေးတွေရှိတာမို့
အမြဲ အသဲတယားယားနဲ့အချစ်ပိုရသည်..
ခုလည်းကြည့်ပါအူး သားကြီးနဲ့သမီးငယ်က ဟိုတယ်ကမှာတဲ့ မနက်စာကိုသေသေသပ်သပ်ထိုင်စားနေချိန်မှာ အဖေငယ်ငယ်လေးက အိပ်ရာထဲလူးလိမ့်ပေတူးနေတုန်း....
နိုးနေတဲ့သူကလည်း နိုးစေချင်ပေမဲ့ မွေ့ရာပုံစောင်ပုံတွေကြားထဲ ဂျီကာလူးလိမ့်နေတဲ့သူအား ပခုံးစွန်းလေးဖွဖွနမ်း နဖူးလေးနမ်း နှခေါင်းဖျားလေးနမ်းကာ ပြုံးတုံ့တုံ့နဲ့.....
"ကိုကို.....ဖေငယ်ဒီနေ့ထပါ့အူးမလား.."
ဖအေ နှစ်ယောက်ရဲ့ချစ်ကြည်နူး တစ်တီတူးနေပုံကြောင့် စိတ်လေသလိုကြည့်ပြီး တူးကပြောသည်...
"နိုးမှာပါ ကိုကိုတို့ဒီနေ့လျောက်လည်စရာတွေ အများကြီးပဲလေ....တူးက အရွက်ထည့်စား.."
YOU ARE READING
ချစ်ရပါသော သဲငယ်❤
Любовные романыနာတယ် ရင်ထဲထိနာတယ် ဘယ်ကစလို့ဘယ်လိုမှားလဲမသိပေမဲ့ ငါမင်းကိုလက်ခံဖို့မဖြစ်နိုင်ဘူး အဲ့တာကြောင့်ငါနဲ့ဝေးဝေးနေပါ ...... သဲနုငယ် ငါအချစ်ကိုမသိဘူး မချစ်တတ်ဘူးလို့ထင်ထားခဲ့ပေမဲ့ မင်းရောငါတို့အသွေးအသားလေးတွေရောက ငါ့ဆီမှာရစ်နှောင်တွယ်နေခဲ့ပြီ ငါ့ကိုခွင့်လွှတ...
