အပိုင်း ၀၂ - သူငယ်ချင်းရော၊ ညီရော မဖြစ်နိုင်ရင် ရန်သူနဲ့သူစိမ်းပဲ ဖြစ်နိုင်တယ်

1.2K 84 4
                                    

⟨ Unicode Version ⟩
အပိုင်း နှစ် - သူငယ်ချင်းရော၊ ညီရော မဖြစ်နိုင်ရင် ရန်သူနဲ့သူစိမ်းပဲ ဖြစ်နိုင်တယ်


" သား ~~ Gem ~~ ကျောင်းရောက်ရင် Fotကို အတန်းရှေ့ထိ လိုက်ပို့ပေးလိုက်နော် .. ညီလေးကို ဂရုစိုက်နော် ရန်မဖြစ်နဲ့နော် "

ကားပေါ်ကနေအဆင်း မားက Fotကို ကြည့်ကာ Gemကို ပြောလာတာမို့ Gem စိတ်ရှုပ်သွားမိသည်။ အိမ်မှာတင်မဟုတ်ဘဲ ကျောင်းအထိ ပေါက်ရောက်လာတဲ့ ဒီကောင်ပေါက်စဟာ သူ့အတွက် အမြင်ကပ်စရာပင်။ ပထမဆုံးတွေ့ဆုံခြင်းက သူ့အိမ်မှာ မဟုတ်ပေမယ့် ဒီFotFot ဆိုတဲ့ကောင်ကတော့ မမှတ်မိဘူးနဲ့ တူသည်။ ပထမတော့ ခင်စရာကောင်းတယ်လို့တွေးဖူးပေမယ့် သူ့အိမ်ကို စရောက်တဲ့နေ့မှာ သူ တအား စိတ်ရှုပ်မိသွားသည်။ FotFotဆိုတာ အေးချမ်းနေတဲ့သူ့ဘဝကို ဝင်ရှုပ်တော့မယ့် ငရှုပ်ကောင်။

အသက်က တစ်နှစ်ပဲကွာတာမို့ သူငယ်ချင်းလို ဆက်ဆံလို့ရတယ် ပြောပေမယ့် သူငယ်ချင်းအဖြစ် ဆက်ဆံပေးဖို့ ဆန္ဒမရှိ။ သူ့ထက်ငယ်တာမို့လို့လည်း အငယ်အဖြစ် မမြင်ပေးနိုင်။ မမွေးလာတော့မယ့် သူ့ညီရဲ့နေရာကို အပိုင်စား ပေးလိုက်ရတယ်ဆိုကတည်းက Fot ဟာ သူ့အိမ်မှာ သောင်တင်နေတဲ့ ‌အပိုင်းအစ တစ်ခုဆိုတာ သေချာသွားသည်။ ပါးမားတို့က စိတ်ရှုပ်စရာကောင်းတဲ့ FotFotကို ဘာလို့ အိမ် ခေါ်လာပါလိမ့်။

ဒါပေမဲ့ လောလောဆယ် မားရှေ့မှာမို့ သူပြုံးလိုက်မိရင်း Fot ကို အဓိပ္ပါယ်များစွာ ပါတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်မိတော့ အူကြောင်ကြောင်အကြည့်တွေနဲ့ ပက်ပင်းတိုးသည်။

ဒီကောင်က တကယ်တုံးတာလား! တုံးချင်ယောင်ဆောင်နေတာလား!

စိတ်ထဲမေးခွန်းပေါ်လာပေမယ့် သူ ထုတ်မပြဖြစ်။ တုံးပေမယ့်လည်း မျက်နှာက ချစ်စရာတော့ကောင်းနေသေးသည်။ အဲ့ဒါကြောင့် ငတုံးကောင်ပါဆိုတာကို သေချာမဖော်ပြနိုင်။

" အတန်းရှေ့ထိတော့ ပို့ပေးနိုင်တယ် ... ဂရုစိုက် ဆိုတာက သူ့ကိုယ်သူပဲ ဂရုစိုက်ရမှာပေါ့ မားရဲ့ သားတောင် သားကိုယ်သား ဘယ်နှခါ ဂရုစိုက်လို့လဲ "

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now