အပိုင်း ၃၃ - ငါကလွဲရင် ဘယ်သူ့ကိုမှ မပိုင်ဆိုင်ချင်ပါနဲ့ ဂျမ်

836 74 46
                                    

အပိုင်း ၃၃ - ငါကလွဲရင် ဘယ်သူ့ကိုမှ မပိုင်ဆိုင်ချင်ပါနဲ့ ဂျမ်

"တကယ်တော့ လိင်တူစုံတွဲတွေမှာ ဘယ်သူက အပေါ်,  ဘယ်သူကအောက်ဆိုတာက အမြင်နဲ့ခွဲခြား မသတ်မှတ်သင့်ဘူး ဂျမ် ... မိန်းကလေးအချင်းချင်းဖြစ်ဖြစ်၊ ယောင်္ကျားလေးအချင်းချင်းဖြစ်ဖြစ်၊ မိန်းကလေးနဲ့ ယောင်္ကျားလေးဖြစ်ဖြစ်  လူတိုင်းလူတိုင်းမှာ ဗီဇဆိုတာရှိတယ် ... တချို့က အလွှမ်းမိုးခံချင်ကြတယ် ... တချို့က ပိုင်စိုးပိုင်နင်းဆက်ဆံချင်ကြတယ် ... တချို့ကကျ ဒီလူနဲ့ဆို အလွှမ်းမိုးခံချင်ပြီး နောက်လူနဲ့ဆို ပိုင်ဆိုင်ချင်ကြတယ် ... တချို့ကျတော့လည်း ဘယ်ဟာမဆို အဆင်ပြေတယ် တကယ်တော့ ဒါက ရှင်းပြလို့်မရတဲ့အရာပဲ ... အရာရာအားလုံးက ခံစားချက်အတိုင်းပဲသွားကြတာဆိုတော့ မင်းကဘာ ငါကဘာ ဆိုပြီး မရှိကြဘူး ... အားလုံးက ဗီဇအတိုင်းပဲ ... "

"ဒါဆို မင်းရဲ့ဗီဇက ဘာလဲ ဖို့"

"သိချင်ရင် စမ်းကြည့်လေ သေချာတာကတော့ မင်းက ငါ့ကို အရမ်းကြိုက်တယ်"

"အိုက်ဖို့"

"ဂျမ်မနိုင်း ... ငါမင်းကို စမ်းသပ်ခွင့်ပေးမယ်"

ပြောပြီးတာနဲ့ သူ့လည်တိုင်ကို ရုတ်တရက် ကိုက်ခဲလာပါတဲ့ ဖို့နတ်ထဝပ်။ လှိုက်ဖိုလာမိတဲ့ရင်ဘတ်က ဝုန်းကနဲ့ မီးထတောက်တော့မလို ဖြစ်လာတာကြောင့် သူငြင်းဆန်လိုက်မိသည်။

"ဟင်အင်း ငါမကြိုက်ဘူး မထိနဲ့"

ဖို့ကို တွန်းထုတ်ပြီးတာနဲ့ သူထထိုင်မိတော့ နိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ သူ့ရင်ဘတ်က စည်းချက်သံမမှန်။ အေးစိမ့်နေတဲ့အခန်းအခြေအနေနဲ့ မတူညီစွာ သူ့ခန္ဓာကိုယ်က ချွေးစေးတွေ ထွက်နေသည်။

"ဖို့?"

သူ ဖို့ကို လှည့်ကြည့်မိတော့ မတွေ့။
ဒါဆို ဒါက ဘာလဲ ... အိပ်မက်! အိပ်မက်လား။
အသေအချာပြန်ဆန်းစစ်ကြည့်ပြီးတဲ့နောက်မှာတော့ ဒါဟာ အိပ်မက်ဆိုတာကို သူနားလည်လိုက်ရတဲ့အတွက် အနည်းငယ်စိတ်အေးသွားမိသည်။ အဲဒီနောက် စိတ်အေးလက်အေးနဲ့ သက်ပြင်းချကာ ဖို့အသင့်ပြင်ထားပေးပုံရတဲ့ရေတစ်ခွက်ကို သူသောက်လိုက်မိသည်။ တစ်ဆက်တည်းမှာပဲ တံခါးပွင့်သံကြားလိုက်ရတာမို့ အသံလာရာကို လှည့်ကြည့်မိတော့ သူမျက်လုံးတွေ ပြူးကျယ်သွားရတော့သည်။

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now