⟨ Unicode Version ⟩
အပိုင်း သုံး - ချစ်စရာကောင်းတဲ့Nong Fot Fotက တကယ်တော့ မျက်နှာနှစ်ဖက်နဲ့ကောင်
"သုံးပတ်နော် သုံးပတ်! နောက်ထပ်သုံးပတ်! ပြေးထား! "
အားကစားခန်းမထဲ ဝင်လိုက်တာနဲ့ ကြားလိုက်ရတဲ့ ဆရာ့အသံကြောင့် Fourth စူးစမ်းကြည့်သည်။ ပြီးပြည့်စုံပြီး တောက်ပြောင်နေတဲ့ခန်းမကြောင့် သူပုံမှန်နေနေကျ နေရာကို ပြန်ရောက်သွားသလို စိတ်လှုပ်ရှားသွားရပေမယ့် ပြေးနေတဲ့လူတွေထဲ ခွေးကောင်လေးကို မြင်လိုက်ရတဲ့အတွက် သူ့နှုတ်ခမ်းတွေ တွန့်ကွေးသွားသည်။
" Winny! အဲ့ဒါက အပြေးလက်ရွေးစင်သမားတွေလား "
သူ့စကားကြောင့် Winny လိုက်ကြည့်တော့ မျက်နှာရှုံ့တွလာသည်။
" ဘယ်ကလာ! အဲ့ဒါ အပြစ်ပေးခံထိနေတာ "
" ဟမ်!"
"အေး... စာအုပ်မပါတာတို့၊ အိမ်စာမပြီးတာတို့ဆို အဲ့လိုပဲလေ ပြီးတော့ သူတို့အတန်းက အင်္ဂလိပ်စာဆရာနဲ့ကာယဆရာကတစ်ယောက်တည်း! အဲ့ဒီတော့ အပြစ်တစ်ခုဆိုရင် ပိုများတာပေါ့ ..."
Winny စကားကြောင့် သူသေချာသွားသည်။ ဒီခွေးကောင်လေးဟာ အပြစ်ပေးခံထိနေတာ။
ဟိဟိ ... ငါ့ကို အနိုင်ကျင့်လို့ကတော့ ငါလဲ ပြန်အနိုင်ကျင့်လိုက်မယ် Fourth Nattawat က ချစ်စရာကောင်းပေမယ့် ငြိမ်ခံနေမယ့်သူမျိုးတော့ မဟုတ်ဘူး ..
စိတ်ကျေနပ်စွာ ပြုံးရင်းနေရာယူလိုက်သည်။ အဲ့ဒီ့နောက် သွေးပူလေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ ကွင်းထဲ ဆင်းဖို့အတွက် တန်းစီရတော့သည်။ အပြစ်ပေးခံထားရတဲ့ Gem ကတော့ သူ့နဲ့ မလှမ်းမကမ်းမှာပင်။ အမောဆို့နေပုံရတဲ့ Gem ကို ကြည့်ရင်း Winny ကို အနိုင်ရသလို ပြုံးပြလိုက်မိသည်။ Winny ကတော့ သူ့အပြုံးကို သာမန်ပဲထင်ပြီး ပြန်ပြုံးပြသည်။
" အဲ့အငယ်တန်းက ကောင်လေးအသစ်က ဘယ်သူလဲ ချစ်စရာလေး! အသည်းယားဖို့ကောင်းလိုက်တာ ..."
YOU ARE READING
Can't Be Brother [ Gemini × Fourth ]
Fanfiction" Fot! We Can't Be Brother! " - Gemini • Gemfot Version • ‹ Unicode + Zawgyi › • My Very First Fiction • Update on Every Sat & Sun • Original Ver