အပိုင်း ၁၁ - Fourth ကိုစောင့်ရှောက်ရမယ့်တာဝန် ကျွန်တော့်မှာ ရှိတယ်

854 78 23
                                    

⟨ Unicode Version ⟩
အပိုင်း ၁၁ -Fourth ကိုစောင့်ရှောက်ရမယ့်တာဝန် ကျွန်တော့်မှာ ရှိတယ်

"ဟေး ...  မင်းတို့ကောင်တွေ ငါ့ဆိုင်မှာ ပွဲကျနေကြပြန်ပြီ ... ပြောပါဦး ဘယ်အချိန်ပြန်ကြမလဲ "

" အို ... အစ်ကို' ...ဒီနေ့ သိပ်ညမနက်ဘူး .... ဒီညီလေးနဲ့ မဆုံရတာ တစ်နှစ်ကျော်သွားပြီလေ ... သူတို့က Hot Wave Winner တွေနော် အစ်ကို"

ဆိုင်ထဲ ဝင်လိုက်တာနဲ့ ဆိုင်ရှင်ဖြစ်ပုံရတဲ့ အစ်ကိုတစ်ယောက်ဆီက မေးခွန်းထုတ်ကာနှုတ်ဆက်လာတော့ အစ်ကိုFordက ပျော်ပျော်ပါးပါး ပြန်ဖြေသည်။ အစ်ကိုSatang ပြောထားလို့ ဒီကို Gemini နဲ့ အစ်ကို Ford ခဏခဏလာနေကျဆိုတာ သိပြီးသားပင်။

အစ်ကို Ford စကားကြောင့် ဆိုင်ရှင်ဖြစ်ပုံရတဲ့ အစ်ကိုက သူနဲ့Winnyကို ကြည့်ကာ ပြုံးပြသည်။

" အစ်ကိုMark ... ဒီ တစ်ယောက်က Winny... ဒီတစ်ယောက်က Fourth ... Gemini ရဲ့ ညီ ..."

နေရာတကျထိုင်ပြီးမှ ဝိုင်းအနားလျှောက်လာတဲ့ ဆိုင်ရှင်အစ်ကို Mark ကြောင့် သူရော Winny ပါ လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ အစ်ကို Mark "

" အေး ... Gemရော ဘယ်ရောက်နေလဲ  သူ့ညီအကြောင်း သူတစ်ခါမှ မပြောဖူးဘူး .. အခုလည်း ပေါ်မလာပြန်ဘူး "

Gemရဲ့ညီလို့ မိတ်ဆက်ခံလိုက်ရတဲ့အတွက် သူနေသားမကျတာမျိုး ဖြစ်သွားပေမယ့် ရှောင်လွှဲလို့မရတော့တာမို့ သူ အောင့်သက်သက်နဲ့ ပြုံးလိုက်မိသည်။

" Gemက မလာဘူး အစ်ကို ပြီးတော့ Gemက သူ့ညီကို လူရှေ့ထုတ်ပြရတာ မကြိုက်ဘူး အစ်ကိုMark ... အဲဒါကြောင့် မသိတာ .."

" ဟုတ်ပြီ ဘာသောက်ကြမလဲ  "

" အစ်ကို Satang... လာလိမ့်မယ် ... ဒီနေ့ သိပ်မပြင်းတဲ့အရက်စပ်ထားတယ်ဆိုလို့ "

" ဪ ... မင်းတို့က ငါ့ဆိုင်က Bartender ကိုပါ ဆွဲဆောင်လိုက်တာလား "

" မဟုတ်ဘူး အစ်ကို ... အခန်းဖော်တွေလေ .. ဒီနေ့ပထမဆုံးရက်ဆိုတော့ ဂုဏ်ပြုပေးမလို့ "

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now