♣♠UNICODE ♠♣
အပိုင်း ၂၁ - မင်းကို သဘောမကျဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေတစ်နှစ်ခန့်ကြာပြီးနောက် ....
"... ကျွန်တော်တို့ရဲ့ Xmas Crush The Series ကို အားပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် ... ရှေ့အပတ်ကျရင်လည်း FM မှာ ပြန်တွေ့ပါမယ် ထုခွန် .... "
"... ဒါကြောင့်မို့ ဒီနေ့ည အိပ်မက်လှလှမက်ပြီး နောက်ရှေ့ဆက်မယ့်နေ့ရက်တွေကို အင်အားအပြည့်နဲ့ ဖြတ်ကျော်နိုင်ပါစေလို့ ကျွန်တော် ဂျမ်မနိုင်းနိုရာဝစ်ကနေပြီးတော့ ဆုတောင်းပေးပါတယ် "
"... အားလုံးကို ချစ်ပါတယ်ဗျာ့ ... "
ပွဲလေးရဲ့အဆုံးသတ်မှာတော့ သူနဲ့ ဖို့ တစ်ယောက်ကို တစ်ယောက်ပွေ့ဖက်ကာ ပရိသတ်တွေကို နှုတ်ဆက်လိုက်သည်။ အဲဒီနောက် ကင်မရာတွေ မရှိတော့တဲ့ စတိတ်နောက်ကို ရောက်တာနဲ့ ပြုံးရယ်နေခဲ့တဲ့မျက်နှာပေါ်က အပြုံးတွေ ရုတ်ချည်းကွယ်ပျောက်ကာ ပခုံးပေါ်တင်ထားမိတဲ့ လက်ကို ချက်ချင်းပြန်ရုတ်သိမ်းမိတော့သည်။ ဒီအခြေအနေမျိုးကို သူတစ်ယောက်တည်းကပဲ တုံ့ပြန်နေတာလားဆိုတော့ မဟုတ်။ ဖို့သည်လည်းပဲ သူ့လိုပင်။ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းတောင်မဆိုင်နိုင်ဘဲ ချက်ချင်း အဝတ်လဲခန်းကိုသာ နှစ်ယောက်သား အပြေးသွားရင်း လမ်းတစ်လျှောက်မှာတွေ့တဲ့ ဝန်ထမ်းတွေကိုသာ နှုတ်ဆက်မိသည်။
အဝတ်လဲခန်းတစ်ခန်းတည်းကို အတူတူအသုံးပြုနေရပေမယ့် တစ်ယောက်ကိုတစ်ယောက် ကိုယ်ရေးကိုယ်တာအရ ခေါ်ပြောတာမျိုးမရှိ။
"... Mae ဒီနေ့ည ကျွန်တော် ပါတီ မတက်နိုင်တော့ဘူး နားမယ်နော် ... မနက်ဖြန် တစ်ယောက်တည်းသွားရမယ့် schedule ရှိတယ် ..."
အဝတ်လဲခန်းကနေ မန်နေဂျာဖြစ်သူကို ဖို့ အော်ပြောလာတော့ သူ မသိမသာလေး ဖို့ဘက်ကို လှည့်ကြည့်မိသည်။ ဖို့ကတော့ သူ့ကို တစ်ချက်လေးတောင် စောင်းငဲ့မကြည့်။
ဒီလိုအခြေအနေကို ဘယ်ကနေဘယ်လိုရောက်ခဲ့လဲဆိုတာ စရရင် လွန်ခဲ့တဲ့နှစ်၊ စီးရီးမရိုက်ကူးခင် Saunglab ရဲ့မွေးနေ့ည၊ ဖို့ သူ့ကွန်ဒိုကနေ ထွက်သွားမယ်ဆိုတဲ့ညက အစပြုခဲ့တာပင်။ အဲဒီအချိန်ကတည်းက သူဟာ ဖို့ကို မခေါ်ခဲ့သလို ဖို့ဟာလည်း သူ့ကို တသီးတသန့်ခေါ်တွေ့တာမျိုးမရှိ။ အစ်ကိုတွေ စီစဉ်ပေးတဲ့ပွဲတွေအရ တစ်ယောက်ကို တစ်ယောက် ပူးကပ်ပြီး ရင်းနှီးနေသလိုမျိုးဖြစ်နေပေမယ့် လက်တွေ့ personal life မှာတော့ မျက်နှာချင်းဆိုင်ပြီး စကားပြောဖူးတာမျိုးမရှိ။ ပြောသမျှကိစ္စတွေကလည်း အလုပ်ကိစ္စအတွက် တိုင်ပင်ဆွေးနွေးတာဖြစ်ပြီး အရင်တုန်းကလို သူငယ်ချင်းလို၊ ညီအစ်ကိုလို ဆက်ဆံရေးမရှိတော့ပါ။ အင်္ကျီလဲပြီးလို့ မိတ်ကပ်ဖျက်ဖို့ ထွက်လာတဲ့ ဖို့ကို သူ ဝေ့ကြည့်မိတော့ ဖို့ရဲ့အကြည့်တွေလည်း သူ့ဆီရောက်လာသည်။ ဒါကိုပဲ သူက မသိချင်ယောင်ဆောင်ကာ ကျော်သွားလိုက်မိရင်း သူ့ကိုယ်ပေါ်က accessories ဖြုတ်ပေးနေတဲ့ ဝန်ထမ်းအမနဲ့ စကားပြောနေလိုက်မိသည်။
YOU ARE READING
Can't Be Brother [ Gemini × Fourth ]
Fanfic" Fot! We Can't Be Brother! " - Gemini • Gemfot Version • ‹ Unicode + Zawgyi › • My Very First Fiction • Update on Every Sat & Sun • Original Ver