⟨ Unicode Version ⟩
အပိုင်း ရှစ် - အစကတည်းက မင်းကို အိမ်ပေါ်ကနေ မောင်းချခဲ့ရင်ကောင်းသား ..."... P'Gemini... P'Gemini... "
တိုးဖွဖွခေါ်နေတဲ့အသံလေးကြောင့် Gem မျက်ဝန်းလေးတွေ ဖွင့်လိုက်မိတော့ သူ့ကို နူးနူးညံ့ညံ့လေးကြည့်နေပါတဲ့ Fourth!
Fourth!!
" ကိုက်လိုက်မိတာ ... နာနေလားဟင် ~~ တောင်းပန်တယ်နော် ~~ မနာအောင် Nong Fot Fot က ဂရုစိုက်ပေးမယ်နော် ... "
သူ့မျက်နှာကို ပွတ်သပ်ကာ Fourth က ငုံ့မိုးလာရင်း ဒဏ်ရာရနေတဲ့နှုတ်ခမ်းကို ငုံထွေးလာသည်။ ထိုမျှနဲ့တင် မတင်းတိမ်သေးဘဲ လျှာသုံးကာ ညက ကိုက်ထားမိလို့ သွေးစို့နေတဲ့နေရာကို ခြယ်လှယ်ပြန်တော့ သူ အသက်ရှူဖို့ ခက်ခဲလာတဲ့အထိ ရင်ဘတ်ကြီးက မောဟိုက်လာသည်။
" ... (အွန့်) ... "
သူ Fourth ကို ထုရိုက်ရင်း တွန်းထုတ်မိသည်။ သို့ပေမယ့် Fourth ကပဲ အားသန်နေတာလား၊ သူကပဲ အားနည်းနေတာလားတော့မသိ။ Fourth လက်ထဲကနေ မရုန်းထွက်နိုင်။ Fourth ကတော့ အဲဒီထက်ပိုပြီး သူ့ကို ချုပ်ကိုင်ကာ နှုတ်ခမ်းတွေကနေတစ်ဆင့် လည်တိုင်တွေဆီ ဆင်းသက်လာသည်။ အဲဒီနောက် Fourth လက်တွေက သူ့ခန္ဓာကိုယ်အောက်ပိုင်းကို တဖြည်းဖြည်းဆင်းကာ ဘောင်းဘီထဲ လျှိုဝင်လာတော့ သူ အားကုန်ရုန်းလိုက်မိတော့သည်။
"မင်း!!!!!"
အန္တရာယ်များလွန်းတဲ့အခြေအနေကနေ ရုန်းထွက်ပြီးတဲ့နောက်မှာ သူ့ရင်ဘတ်က နိမ့်လိုက်မြင့်လိုက် အခြေအနေမမှန်။ သူ့နားစည်ပါ ပေါက်ထွက်မတတ် တဒုတ်ဒုတ် ဖြစ်နေတဲ့ ရင်ခုန်သံက မောလွန်းနေလို့လား ဒါမှမဟုတ် အန္တရာယ်များလွန်းတဲ့ဖြစ်ရပ်ကြောင့်လားမသိ။
သူ စိတ်ငြိမ်အောင် စုစည်းပြီးတဲ့နောက်မှာတော့ ဘေးဘီဝဲယာကို ကြည့်မိသည်။
... Fourth? ... Fourth? ...
သူ့တစ်ကိုယ်လုံး ဝါးမြိုတော့မယ့်အတိုင်း အကြမ်းပတမ်းနမ်းနေခဲ့တဲ့ Fourth ဘယ်မှာလဲ။ သိချင်မိလို့ စူးစမ်းကြည့်တော့ သူ သတိပြုမိတာက သူက သူ့အိပ်ယာပေါ်မှာပင် ဖြစ်သည်။ စိတ်အေးလက်အေးရှိသွားတဲ့အချိန်မှာတော့ သူ အိပ်မက်ကနေ နိုးထလာကြောင်း သိလိုက်ရသည်။
YOU ARE READING
Can't Be Brother [ Gemini × Fourth ]
Fanfic" Fot! We Can't Be Brother! " - Gemini • Gemfot Version • ‹ Unicode + Zawgyi › • My Very First Fiction • Update on Every Sat & Sun • Original Ver