သတိ။ ။ ဤအပိုင်းသည် အသက် ၁၈ နှစ်နှင့်အထက်ရှိသူများသာ ဖတ်ရှုရန်သင့်တော်ပါသည်။ (ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားလုံးအသုံးအနှုန်းတွေမပါဝင်ပေမယ့် စိတ်ကူးအယဉ်လွန်ရင်း မလိုလားအပ်တဲ့အရာတွေဖြစ်လာမှာစိုးတာကြောင့် သတိပေးချက်ထည့်ထားရခြင်းဖြစ်ပါသည်။)
အပိုင်း ၃၅ - ထွက်ပြေးချင်တယ်ဆိုရင် အတူတူသေကြရအောင်နော် ဂျမ်မနိုင်း ....
တစ်ပတ်ခန့်ကြာပြီးနောက် ...
"ဘာလို့လဲ ဂျမ်မနိုင်း ..."
"မသိဘူး ... ငါ့အနားမှာ သူရှိနေရင်ကို ငါ မနေတတ်တော့တာ .. အစက ပုံမှန်ပဲ ဒါပေမယ့် အဲဒီနေ့ ဆေးရုံရောက်ပြီးကတည်းက ငါအဆင်မပြေဘူး"
သူသက်သာပြီးနောက်ပိုင်း ရင်ရင်းနဲ့အမြဲလိုလိုတွေ့မိတာမို့ အခုလည်း ရင်ရင်းနဲ့ ကလပ်တစ်ခုထဲရောက်နေခဲ့တာဖြစ်သည်။ အရင်က သူ ဒီလိုနေရာတွေကို မလာတတ်ပေမယ့် အခုတလောတော့ တော်တော်ရောက်ဖြစ်သည်။ ခြေထောက်လည်း သက်သာပြီမို့လို့ သွားချင်တဲ့နေရာကို သူလျှောက်သွားနေတာဖြစ်သည်။ ဖို့ကတော့ သူဘာပဲလုပ်ချင်လုပ်ချင် အကုန်ခွင့်ပြုပေးသည်မို့ စိတ်ထဲမှာတော့ ဘဝင်မကျ။
"သူ နင့်ကို အလိုလိုက်များလို့ မကြိုက်တာလား"
"မဟုတ်ဘူး ဒီအတိုင်းပဲ"
"ကဲ ထားတော့ ... တအားကြီး မူးအောင်မသောက်နဲ့ နင်က မူးလာရင် တအားဆိုးတာ ... လူကိုလည်း အော်သေးတယ် ..."
"..."
ရင်ရင်းစကားကြောင့် သူ ရင်ရင်းကိုသာ မျက်စောင်းထိုးရင်း တခြားထွေရာလေးပါးပြောပြီး အချိန်ကုန်လိုက်မိတော့သည်။ သူတွေးထားတာက သူသက်သာစပြုလာပြီမို့ သူ့အလုပ်တွေကို သူပြန်ဆန်းစစ်ချင်သည်။ လုပ်နိုင်တဲ့အလုပ်တွေကို ပြန်လုပ်ချင်မိပြီး တဖြည်းဖြည်းချင်းစီ ချဉ်းကပ်ဖို့ ကြိုးစားကြည့်ချင်သည်။
ဖို့ကတော့ ... အင်း ... ဖို့နဲ့ ပတ်သက်ရင်တော့ သူ မသိပါ ... လတ်တလောမှာ ဖို့ကို သူတအားချစ်ပေမယ့် ထူးဆန်းစွာ စိတ်ရှုပ်နေသလိုမျိုး ခံစားရပြီး ဖို့နဲ့အတူတူရှိတိုင်း မပျော်ရွှင်ပါ။ သူနဲ့ဖို့ကြားက ဆက်ဆံရေးကို ယုံကြည်ချက်မရှိသလို သူခံစားရသည်။ အဲဒါအပြင် ဖို့ရဲ့တုံ့ပြန်မှုတွေကို သူသိပ်သိချင်သေးသည်။
YOU ARE READING
Can't Be Brother [ Gemini × Fourth ]
Fanfiction" Fot! We Can't Be Brother! " - Gemini • Gemfot Version • ‹ Unicode + Zawgyi › • My Very First Fiction • Update on Every Sat & Sun • Original Ver