♣♠UNICODE ♠♣
အပိုင်း ၁၈ - ဒီအနမ်းက ဂျမ်မနိုင်းအတွက်လား Heartအတွက်လား"..."
"..."
မီးရောင်စုံနဲ့ ပါတီပွဲကြားမှာ ပျော်ရွှင်နေကြတဲ့ ရိုက်ကူးရေးအဖွဲ့သားနဲ့ ဖိတ်ကြားခံရတဲ့ဧည့်သည်တွေ။ သူကတော့ လက်ထဲမှာ ကိုလာတစ်ခွက်နဲ့တင် ဒေါသထွက်နေသလို စိတ်လည်း ဆိုးနေမိသည်။ Fourth ပြန်လာပြီးကတည်းက Fourth ဟာ စိတ်နဲ့ကိုယ်နဲ့ မကပ်နေသလို ခံစားရသည်။ အစ်ကို Markနဲ့ ဘာတွေဖြစ်ခဲ့တာလဲ သူသိပ်သိချင်သည်။ Fourthဟာ သူ့ကိုလည်း စကားများများမပြောဘဲ တစ်ခုခုကို အလေးအနက်တွေးတောနေပုံပင်။ အခုလည်း သူ့ကို ပစ်ကာ ရှေ့မှာ အစ်ကို Satang နဲ့ ဝိုင်းကျနေပြန်တာမို့ သူ ဒေါသထွက်စွာ ထိုင်ကြည့်နေမိသည်။ ပါတီအစပိုင်းတုန်းက Fourth ကို မသောက်ဖို့ သူမှာထားတာကို Fourth မေ့သွားပြီနဲ့ တူသည်။ Fourth လက်က တဖြည်းဖြည်း ခွက်နားဆီ ရောက်လာတော့ သူခပ်မြန်မြန်ပဲ ဆွဲယူလိုက်မိသည်။
" Ai Gemini!"
သီချင်းသံတွေကြောင့် ညံနေပေမယ့် အလိုမကျစွာ လှုပ်လာတဲ့နှုတ်ခမ်းက သူ့နာမည်ကို ခေါ်လိုက်မှန်း သူသိပါသည်။
"... လိမ္မော်ရည်ပဲ သောက်! "
ဘေးနားမှာ အသင့်ရှိတဲ့ဖျော်ရည်ခွက်ကို ထိုးပေးတော့ လက်မခံချင်တဲ့ပုံနဲ့ လှမ်းယူသည်။
".. ဝိုး... ဂျမ်မနိုင်းကတော့ တကယ်ပါပဲ ... ညီလေးကို အဖြစ်သည်းနေလိုက်တာ ..."
စစနောက်နောက်ပြောလာတဲ့ အစ်ကို Satang ရဲ့စကားကို သူ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။
".. မင်း Fourth ကို စိတ်ဆိုးနေတာလား ..."
"... "
"... တစ်ညနေလုံး ပျောက်နေမှတော့ စိတ်ဆိုးတာက ဖြစ်သင့်တယ်လေ Fourth! မင်းအစ်ကိုစိတ်ဆိုးနေပြီ ချော့လိုက်ပါဦး..."
တွဲဖက်ဖြစ်လာမယ့်သူတွေမို့ သူတို့နှစ်ယောက်ကို ရင်းနှီးအောင်လုပ်ပေးတယ်ဆိုတာကို သိတဲ့အတွက် ဒီလိုစစနောက်နောက်စကားတွေကို သူ သိပ်မမှု။ သို့ပေမယ့် Fourth ကတော့ ထိုင်နေရာက ထကာ သူ့အနားကပ်လာသည်။ ထုံးစံအတိုင်း ပြုံးရင်း သူ့ဆီချဉ်းကပ်လာပေမယ့် Fourth ရဲ့စိတ်ထဲမှာ တခြားအကြောင်းအရာဆီ စိတ်ရောက်နေတာ သူသိပါသည်။
YOU ARE READING
Can't Be Brother [ Gemini × Fourth ]
Fanfic" Fot! We Can't Be Brother! " - Gemini • Gemfot Version • ‹ Unicode + Zawgyi › • My Very First Fiction • Update on Every Sat & Sun • Original Ver