⟨ Unicode Version ⟩
အပိုင်း ၁၅ - သူစိမ်းတစ်ယောက်ကို ဂရုစိုက်တဲ့အထိ မင်းက သူတော်ကောင်းမဟုတ်"...."
လေသာဆောင်မှာ မတ်တပ်ရပ်ရင်း ရေနွေးတစ်ခွက်သောက်ကာ မနက်ခင်းမြင်ကွင်းကို သူငေးကြည့်နေမိသည်။ အမူးသမားကတော့ မနက်စောစော မထနိုင်လောက်တဲ့အထိ အိပ်ယာထဲမှာ ကွေးနေတုန်းပင်။ သူ့ကွန်ဒိုလောက်တော့ မကျယ်ပေမယ့် ဒီနေရာကျဉ်းကျဉ်းလေးကို Fourth ကြောင့် သူ သဘောကျမိပါသည်။
"( တီ ... တီ ... တီ ...) "
ရုတ်တရက် အလန်းသံကြောင့် သူ အထဲဘက်လှည့်ကြည့်လိုက်မိသည်။ မနက်စောစောထပြီး သွားဝယ်ပေးထားရတဲ့မနက်စာက စားပွဲပေါ် အဆင်သင့်ဖြစ်နေပေမယ့် မနက်စာရဲ့ပိုင်ရှင်ကတော့ အလန်းသံကြောင့် အိပ်ယာထဲကနေ ငြူစူရင်း ခြေလက်ဆန့်ကာ ထလာသည်။ မျက်လုံးတွေကိုတောင် မဖွင့်ဘဲ ကုတင်ပေါ်အကြောဆန့်ရင်း နေရာအနေအထားကို အလွတ်ရနေတဲ့အတိုင်း ကုတင်ပေါ်ကဆင်းကာ မျက်ဝန်းတွေကို ပွတ်ရင်း ငိုက်စိုက်၊ ငိုက်စိုက်နဲ့ ရေချိုးခန်းထဲ ဝင်သွားသည်။
ပတ်ဝန်းကျင်ကို ဘယ်လိုတောင် သတိမထားတတ်ရတာလဲ ဒီကောင်ကတော့!
စိတ်ထဲကနေ ကျိန်းဝါးလိုက်ရင်း လေသာဆောင်ကနေ အခန်းထဲပြန်ဝင်ကာ စားပွဲပေါ်က သူ့အတွက် သူပြင်ထားတဲ့မနက်စာကို သူ စတင်စားလိုက်မိသည်။ သူ့အရှေ့မှာတော့ Fourth အတွက် မနက်စာက ပိုင်ရှင်ဖြစ်သူကိုစောင့်နေဆဲ။
သိပ်မကြာတဲ့အချိန်မှာပဲ ရေချိုးပြီး ရှပ်အဖြူတစ်ထည်နဲ့ပြန်ထွက်လာတဲ့ Fourth က ဆံပင်တွေကို သုတ်နေရင်းမှ သူ့ကို မြင်တော့ လန့်ကာ လက်ညှိုးထိုးလာသည်။
" Gemini! မင်း! "
အံ့ဩသွားတဲ့ ပြူးကျယ်ကျယ်မျက်နှာက ညကအဖြစ်အပျက်တွေကို ဘာမှ မမှတ်မိတော့ဘူးဆိုတာ ပြောပြနေသလိုပင်။ သူ ခပ်တည်တည်ပဲ ပုံမှန်အတိုင်း ဂရုမစိုက်စွာ စားစရာရှိတာကို ဆက်စားရင်း ပြောလိုက်မိသည်။
YOU ARE READING
Can't Be Brother [ Gemini × Fourth ]
Fanfic" Fot! We Can't Be Brother! " - Gemini • Gemfot Version • ‹ Unicode + Zawgyi › • My Very First Fiction • Update on Every Sat & Sun • Original Ver