အပိုင်း ၂၉ - မင်းမမှတ်မိနိုင်တဲ့ ငါတို့နှစ်ယောက်ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှု

944 70 55
                                    

♣♠UNICODE ♠♣
အပိုင်း ၂၉ -  မင်းမမှတ်မိနိုင်တဲ့ ငါတို့နှစ်ယောက်ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှု

"..."

" ခြေထောက်ကို လှုပ်ရှားတာတွေ ထပ်မလုပ်ပါနဲ့ ခွန်ဂျမ်မနိုင်း ... မဟုတ်ရင် ဒဏ်ဖြစ်ပြီး တစ်ခုခုဆို ပိုပြီး ထိခိုက်လွယ်နေလိမ့်မယ် ... ဂရုစိုက်ပေးပါ ... အသွားအလာအတွက် ပထမသုံးရက်လောက်ကို  ဝှီးချဲလ်သုံးပေးဖို့ အကြံပြုပါတယ် ..."

အေးစက်နေတဲ့ ဆေးရုံအခန်းထဲ အဲယားကွန်းသံက ကြီးစိုးခြယ်လှယ်နေရင်း သူ့ခြေထောက်ကို ပတ်တီးစည်းပေးတဲ့ဆရာဝန်ဆီကနေ အကြံပြုချက်ကို ကြားလိုက်ရသည်။ သို့ပေမယ့် သူဟာ သူ့အခြေအနေကို သူ စိတ်မဝင်စား။ ဒီခြေထောက်ဒဏ်ရာကို ဟောင်ကောင်မှာရှိတဲ့ ဖို့ရဲ့မိသားစုဆရာဝန်နဲ့ ကုသပြီးပြီဖြစ်သည်။ အမှုကြီးကြီး မဖြစ်ဖို့အတွက် သူဟာ ဖို့ရဲ့မိသားစုဆီရောက်ရောက်ချင်း ကုသမှု ခံယူခဲ့ရတာဖြစ်ပြီး ကုသမှုပြီးတာနဲ့ ထိုင်းကို အမြန်ပြန်လာခဲ့ရသည်။ အဲဒီလိုပါပဲ ဖို့ရဲ့ခွဲစိတ်မှု အပြီးမှာ ဖို့ကပါ သူနဲ့အတူ ထိုင်းကို ပြောင်းရွှေ့ခဲ့သည်။ သူ့ကို စိတ်ပူစရာမလိုကြောင်း မားတို့ဆီ အကြောင်းကြားခဲ့တဲ့အပြင် သူ ခရီးလွန်‌သွားတာကြောင့် မန်နေဂျာဖြစ်သူနဲ့အဆက်အသွယ်ပြတ်သွားတာလို့ သူ လိမ်ညာထားခဲ့တာဖြစ်သည်။

သူပြန်ပေးဆွဲခံရတဲ့အကြောင်းရင်းကို မားတို့သာ သိသွားမယ်ဆိုရင် ပြသနာက ဒီထက်ပိုကြီးလာမှာဖြစ်တာကြောင့် သူ ဘာတစ်ခုကိုမှ ရှင်းရှင်းလင်းလင်းမပြောရသေး။ ဖို့ရဲ့ပါးပါးနဲ့ဒယ်ဒီဟာလည်း ဟောင်ကောင်မှာ လုပ်ငန်းကိစ္စတွေ ရှင်းဖို့ ရှိသေးတာကြောင့် ဖို့ကို အန္တရာယ်မဖြစ်စေဖို့ ထိုင်းကို တိတ်တဆိတ်ပြောင်းရွှေ့ခဲ့တာ ဖြစ်သည်။

" ကျွန်တော် အခု ဝှီးချဲလ်ကို သုံးပါမယ် ..."

သူ မနေနိုင်စွာ ပြောမိတော့ ဘေးနားက သူနာပြုမလေးတွေက ဝှီးချဲလ်ဆီရောက်အောင် သူ့ကို ကူပေးသည်။ အဲဒီနောက် သူ့ကို ဆေးချိတ်ပေးကာ  အသီးသီးထွက်သွားကြသည်မို့ သူလည်း ဆေးချိတ်လျက်သား အခန်းထဲကနေ ထွက်လာမိတော့သည်။ သူ့ဦးတည်ရာကတော့ မိသားစုရဲ့ခွဲခန်းကနေ ထွက်လာပြီးကတည်းက ထိုင်းရောက်သည်အထိ သူမမြင်ရသေးပါတဲ့ ဖို့ ဆီ ဖြစ်သည်။ ဖို့ အခြေအနေကို သူမျက်မြင်ကိုယ်တွေ့ အတည်ပြုချင်ပါသည်။

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now