⟨ Unicode Version ⟩
အပိုင်း ၁၃ - သရုပ်ဆောင်ရတာကို မကြိုက်တဲ့ကောင်လေးတစ်ယောက် သရုပ်ဆောင်ဖြစ်လာရခြင်းခြောက်လခန့်ကြာပြီးနောက် ...
"Fourth ... နင် ငါ့ဌာနဆီ မလာနဲ့တော့ ..."
" ဟ ဘာလို့တုန်း ... ငါ့မှာ နင့်ကို ဌာနနှစ်ခုလောက်ဖြတ်ပြီး နေ့လည်စာ စားဖို့ လာခေါ်ရတာလေ "
" အေး ~~~ နင့်မျက်နှာနဲ့ ငါ့ကို တစ်မေဂျာလုံး ကပ်နေကြပြီ ... Series Yတွေရဲ့ ပင်တိုင်တေးသံရှင်ကြီးက ကျွန်မလို ဘာမှမဟုတ်တဲ့သူကို လာပင့်ဆောင်နေမှတော့ နေစရာမရှိတော့ဘူး "
စစနောက်နောက် ကြားလာရတဲ့ Saunglab ရဲ့စကားကြောင့် သူရယ်လိုက်မိသည်။ သူ ဒီခြောက်လအတွင်း သီချင်းအတွက်သာ စာချုပ်ချုပ်ခဲ့ပြီး သရုပ်ဆောင်လုပ်ဖို့ကိုတော့ သူငြင်းပယ်ခဲ့သည်။ ဒါတောင် သီချင်းတွေကို ပရိုမိုးရှင်းဆင်းဖို့အတွက် သူ့ကို စီးရီးတွေမှာ အရံဇာတ်ကောင်အနေနဲ့ ရွေးချယ်တာမျိုးရှိတဲ့အတွက် တစ်ခန်းစ၊ နှစ်ခန်းစလောက်ကတော့ သူမဖြစ်မနေလက်ခံခဲ့ရတာမျိုးရှိသည်။ သရုပ်ဆောင်တာကို ဝါသနာမပါတာမဟုတ်ဘဲ ကြိုးစားကြည့်ချင်ပေမယ့် တစ်စုံတစ်ယောက်ရဲ့'ငါမကြိုက်ဘူး Fourth' ဆိုတဲ့စကားက နားထဲက မထွက်။ ထို့ကြောင့် သူ ဒီထက်ပိုပြီး အောင်မြင်နိုင်တယ်ဆိုတာ သိတာတောင် သူငြင်းပယ်ခဲ့တာဖြစ်သည်။ အခုလတ်တလောမှာတော့ လူကြိုက်များနေတဲ့စီးရီးရဲ့ဇာတ်ဝင်ခန်းအတွက် သီချင်းအသစ်ထုတ်ပေးခဲ့သည်မို့ သူ့ဝန်းကျင်မှာ သူ့အတိုင်းအတာနဲ့သူ တဖြည်းဖြည်းလူသိများလာတယ်ပြောရမလား။
" ... ငါက အဲလောက်ထိလဲမဟုတ်သေးပါဘူး နင်က ဘာလို့ ဘာမှ မဟုတ်ရမှာလဲ အကမေဂျာရဲ့နတ်ဘုရားမပဲကို .."
" အို ... ငါက မေဂျာရဲ့နတ်ဘုရားမ မဖြစ်ချင်ပါဘူး Fourth Nattawat ရဲ့နတ်ဘုရားမပဲ ဖြစ်ချင်တာ ... ကဲ ဒီနေ့တော့ ဒီဆိုင်ပဲ ထိုင်ရအောင် ငါ မလျှောက်နိုင်တော့ဘူး .. "
အတန်းချိန်နောက်ကျလို့ သွားနေကျဆိုင် မထိုင်နိုင်တော့ဘဲ အနီးစပ်ဆုံး ကန်တင်းမှာ ထိုင်လိုက်မိသည်။
YOU ARE READING
Can't Be Brother [ Gemini × Fourth ]
Fanfic" Fot! We Can't Be Brother! " - Gemini • Gemfot Version • ‹ Unicode + Zawgyi › • My Very First Fiction • Update on Every Sat & Sun • Original Ver