♣♠UNICODE ♠♣
" (တင်း ... တောင်) "
ရုတ်တရက် ဘဲလ်မြည်သံကြောင့် သူနဲ့ ဂျမ်မနိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်လိုက်မိကြတော့သည်။
ဒီအဖြစ်က ဘာခံစားချက်နဲ့တူလဲဆိုရင် playlist ထဲက horny songတွေပြီးသွားလို့ ခံစားချက်တွေ တရိပ်ရိပ်ဖြစ်နေတုန်းမှာ တရားသံကြားလိုက်ရသလိုပင်။
"... ဘယ်သူလဲဟ .."
ဂျမ်မနိုင်းကတော့ စိတ်မရှည်သလိုပြောရင်း သူ့ကိုယ်ပေါ်ကနေ ထဖို့ ပြင်သည်။ သူ ဒါကိုပဲ မကျေမနပ်နဲ့ စနောက်ချင်တာမို့ ဂျမ်မနိုင်းလက်ကို ပြန်ဆွဲတော့ ဂျမ်မနိုင်းက သူ့ကိုယ်ပေါ်ကို ကိုးရို့ကားယား ပြန်ပြုတ်ကျလာသည်။
".. ဖို့! မင်း! .."
"..(မွ) .."
ဂျမ်မနိုင်းနှုတ်ခမ်းကို အသံထွက်တဲ့အထိ ဖိကပ်နမ်းမိတော့ ဂျမ်မနိုင်းအပြုံးတို့က ဖုံးဖိလို့မရ။ သို့ပေမယ့် အမြဲစိတ်တည်ငြိမ်ချင်ယောင်ဆောင်တတ်တဲ့ဂျမ်မနိုင်းရဲ့အကျင့်ကို သိနေပြီမို့ သူ ဂျမ်မနိုင်းကို လွှတ်ပေးရင်း အခန်းပြင်ထွက်ကာ တံခါးသွားဖွင့်တဲ့ဂျမ်မနိုင်းရဲ့နောက်ကို သူလိုက်ခဲ့တော့သည်။
"... "
".. ဂျမ်! ..."
တံခါးဖွင့်လိုက်ဝာာနဲ့ အပြင်ဘက်ခြမ်းမှာ တွေ့လိုက်ရတာက အစ်ကို Ford ။
"... Ford! ဘာဖြစ်လာတာလဲ ..."
မျက်ဝန်းတွေနီရဲပြီး ငိုထားတဲ့အပြင် မိုးမိလာပုံပေါ်သည်မို့ သူ စူးစမ်းကြည့်လိုက်မိသည်။ ဂျမ်မနိုင်းကတော့ သူငယ်ချင်းဖြစ်သူအကြောင်းကို သိပုံရစွာ အထဲဝင်ဖို့အတွက် ဖိတ်ရင်း တံခါးပြန်ပိတ်သည်။
".. အာ~~ Fourth မင်းလည်း ရှိနေတာကိုး ..."
အထဲဝင်လာပြီးမှ သူ့ကို မြင်ကာ နှုတ်ဆက်တဲ့ အစ်ကို Ford ကြောင့် သူလည်း ပြန်နှုတ်ဆက်ရင်း ဧည့်ခန်းရဲ့စားပွဲဆီရောက်သွားကြတော့သည်။
YOU ARE READING
Can't Be Brother [ Gemini × Fourth ]
Fanfic" Fot! We Can't Be Brother! " - Gemini • Gemfot Version • ‹ Unicode + Zawgyi › • My Very First Fiction • Update on Every Sat & Sun • Original Ver