♣♠UNICODE ♠♣
အပိုင်း ၂၄ - မင်းက သတ္တိမရှိတဲ့ကောင်ပဲ Fourth"... နိုးပြီလား ... ထပ်အိပ်ပါဦး ဒီနေ့ဘာ schedule မှ မရှိဘူးလေ ..."
အိပ်ချင်မူးတူးနဲ့ အခန်းထဲက ထွက်လာမိတော့ ပထမဆုံးဆီးကြိုတဲ့အသံကြောင့် သူပြုံးလိုက်မိသည်။ မျက်လုံးကတော့ သိပ်မပွင့်သေးပေမယ့် မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ဂျမ်မနိုင်းဆီ သူလှမ်းရင်း အနောက်ကနေပွေ့ဖက်ထားလိုက်မိသည်။
"... ဖို့ ...."
ဆွဲဆွဲငင်ငင်ခေါ်လာပါတဲ့အသံရှည်ကြီးကြောင့် သူပြုံးရင်း ဂျမ်မနိုင်းရဲ့ကျောပြင်ကို သူ နှုတ်ခမ်းနဲ့ ထိကပ်လိုက်မိသည်။
"... ဘယ်သူပြောလဲ schedule မရှိဘူးလို့ ... ငါမင်းကို လူတစ်ယောက်နဲ့ ပေးတွေ့မယ်လို့ မနေ့ကတည်းက ပြောပြီးသားလေ .."
သူတုံ့ပြန်မိတော့ ဂျမ်မနိုင်းက လုပ်လက်စကို ချကာ သူ့ဘက်လှည့်လာသည်။ သို့ပေမယ့် အကြည့်တွေကတော့ သူ့မျက်ဝန်းဆီမှာမဟုတ်။ သူ့ထက် မဆိုစလောက်လေးပိုမြင့်တဲ့ဂျမ်မနိုင်းကိုမော့ကြည့်ကာ ဖက်တွယ်ထားတဲ့လက်ကိုတော့ မဖြုတ်သေးဘဲ ပိုတိုးဖက်တွယ်လိုက်သည်။
"... ဆံပင်တွေက ရှုပ်ပွနေတာပဲ ... အဝတ်ကလဲ ဖရိုဖရဲ .. စောစောစီးစီးဘာလို့ ဒီပုံထွက်နေရတာလဲ ... ကြည့် ရင်ဘတ်က တက်တူးကိုတောင် မြင်နေရပြီ .."
ရှုပ်ပွနေတဲ့သူ့ပုံစံကြောင့် ဂျမ်မနိုင်းက ပြောလာတော့ သူရယ်လိုက်မိသည်။ ဂျမ်မနိုင်းကတော့ ရှုပ်ပွနေတဲ့သူ့ဆံပင်တွေကို လက်နဲ့သပ်ချပေးကာ အင်္ကျီကိုလည်း ကြယ်သီးသေချာတပ်ပေးလာသည်။
" ဒါနဲ့ အဆင်ပြေရဲ့လား ... ကိုယ်လက်နာတာမျိုးမဖြစ်ဘူးလား ... ငါ တစ်ခုခုလုပ်ပေးဖို့ လိုသေးလား ..."
ရေတစ်ခွက်ကို ဖြည့်ကာ သူ့ဆီ ကမ်းပေးရင်း ပြောလာတော့ သူဖက်ထားရာကနေ ခွာကာ ရေခွက်ကို လှမ်းယူလိုက်မိသည်။ တစ်ငုံလောက် သောက်ပြီးတဲ့နောက် သူ မခို့တရို့ရယ်ရင်း အကြည့်ချင်းမဆုံနိုင်သေးတဲ့ ဂျမ်မနိုင်းကို အဖြေပြန်ပေးမိသည်။ ရေခွက်ကိုတော့ မီးဖိုချောင်ပေါ်မှာ ပြန်တင်ထားလိုက်သည်။ ဂျမ်မနိုင်းကတော့ သူ့ကို ဂရုမစိုက်ဟန်နဲ့ ဟင်းချိုထည့်မယ့် ပန်းကန်လုံးကို လှမ်းယူလိုက်သည်။
YOU ARE READING
Can't Be Brother [ Gemini × Fourth ]
Fanfic" Fot! We Can't Be Brother! " - Gemini • Gemfot Version • ‹ Unicode + Zawgyi › • My Very First Fiction • Update on Every Sat & Sun • Original Ver