အပိုင်း ၀၉ - ဒီအဖြူကောင်အတွက်နဲ့ နာကျင်နေစရာ ဘာသောက်ကြောင်းမှ မရှိဘူး!

844 61 25
                                    

⟨ Unicode Version ⟩
အပိုင်း ၀၉ - ဒီအဖြူကောင်အတွက်နဲ့ နာကျင်နေစရာ ဘာသောက်ကြောင်းမှ မရှိဘူး!


"...သမီးက သားတို့နဲ့အရမ်းခင်တာပဲလား .."

"Fourth နဲ့ပဲ အရမ်းခင်တာပါ .. Gemini နဲ့ကျတော့ စကားတောင်မပြောဖူးပါဘူး အန်တီ"

အပေါ်ထပ်ကနေ Fourth နဲ့အတူတူ ဆင်းလာရင်း ဧည့်ခန်းထဲက စကားသံတွေကြောင့် Gem  စိတ်ဝင်စားမှု မြင့်တက်သွားသည်။

... ဘယ်က မိန်းကလေးအသံလဲ ...

သူတွေဝေနေတုန်းမှာပဲ သူ့နောက်က ကပ်ပါလာတဲ့ Fourth က သူ့ကို ကျော်ခွကာ အပြေးဆင်းသွားသည်။

" အို့! Soundlab ... အစောကြီး ရောက်နေတာလား .... ငါထင်တာ ၁၀နာရီခွဲမှလားလို့ အခုမှ ရှစ်နာရီကျော်ကျော်ပဲရှိသေးတာ "

ဝမ်းသာအားရ နှုတ်ဆက်လိုက်တဲ့ Fourth အသံကြောင့် သူသိလိုက်ပြီ။ ဒီကောင်မလေးဟာ Fourth နဲ့ တတွဲတွဲလုပ်နေကျကောင်မလေး။

" သားတို့ ~ စကားပြောနှင့်‌ကျ ... တီတီ မနက်စာလုပ်ပေးမယ် "

" အန်တီရှင့် ~~ မလိုတော့ပါဘူး ... သမီးတို့က အခုပဲ သွားကြတော့မှာပါ ... Fourth ဆီက စာသင်စရာလေးရှိသေးလို့ပါ "

ငြင်းလာတဲ့ Soundlab ကြောင့် Fourth ကပါ ခေါင်းညိတ်လာသည်။

" ဟုတ်တယ် တီတီ ကျွန်တော် မနက်စာကို Soundlabနဲ့ပဲ အတူတူ စားလိုက်တော့မယ်နော် ... ပြီးတော့ ကျွန်တော် ဒီနေ့ ညနေစောင်းမှပဲ ပြန်လာဖြစ်ပါမယ် တီတီ"

" ဪ ... အေး ကောင်းပြီသား ... အန္တရာယ်များတဲ့နေရာတွေတော့ လျှောက်မလည်နဲ့နော် "

" ဘယ်မှ လျှောက်မလည်ပါဘူး တီတီ ... စာပဲသင်မှာပါ "

" ဒါဆို သမီးတို့ကို ခွင့်ပြုပါဦးနော် "

အဲဒီနောက် နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် ထွက်သွားကြတဲ့ ပုံရိပ်ကို Gem မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ဧည့်ခန်းထဲ ရပ်နေမိလိုက်သည်။

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now