♣♠UNICODE ♠♣
အပိုင်း ၂၅ - ဂျမ်မနိုင်း ငါ မင်းကို ပေးတဲ့ကတိတွေ ဘယ်နှခါများ တည်ဖူးလို့လဲ"..."
"... သား ... ပြန်လာပြီလား "
လေးဖင့်စွာ အိမ်ထဲဝင်လာတော့ မားမားက သူ့ကိုဆီးကြိုသည်။ ပုံမှန်ဆို ကွန်ဒိုမှာပဲ နေဖြစ်တဲ့သူက ဒီနေ့မှ အိမ်ပြန်လာရတဲ့အကြောင်းရင်းကို မားမားက မမေး။ သူ့မျက်နှာကိုကြည့်ကာ ကြိုသိနေပုံရသည်။ မရွှင်မလန်းဖြစ်နေတဲ့သူ့ကိုကြည့်ကာ မားမားက အပြုံးလေးတစ်ပွင့်နဲ့ ပွေ့ဖက်လာသည်။
"... မား ကျောင်းမသွားဘူးလား ဒီနေ့ ..."
မားကို ပြန်ပွေ့ဖက်ရင်း မေးမိတော့ မားက သူ့ကျောပြင်ကို ပွတ်သပ်ကာ အဖြေပြန်ပေးလာသည်။
"... အခုသွားတော့မှာ သား ... မနက်စာစားပြီးပြီလား ... "
"... အင်း ..."
"...သား Fourthနဲ့ရော သေချာစကားပြောပြီးပြီလား ..."
မေးလာတဲ့မေးခွန်းကို သူ တိတ်ဆိတ်နေမိပြီးမှ သက်ပြင်းချကာ ပြန်ဖြေပေးမိသည်။
".. သားသိပြီးပြီ မား ... မား ကျွန်တော် နားလိုက်ဦးမယ် ... နောက်အပတ်ကစပြီး scheduleတွေ ဆက်တိုက်ရှိတာမို့လို့ အခု နားလိုက်ဦးမယ်နော် "
ပင်ပန်းနွမ်းနယ်နေတဲ့နှလုံးသားကိုဖြေသိမ့်ဖို့ရာအတွက် သူ အနားယူဖို့လိုကြောင်းပြောမိတော့ မားက စိတ်မကောင်းစွာ ကြည့်သည်။ သူနဲ့ဖို့အကြောင်းကို သေချာမသိသေးပေမယ့် သူဟာ ဖို့အပေါ်ကို သံယောဇဉ်ကြီးတယ်ဆိုတာ မားရော၊ပါးရော သိကြပါသည်။ ထို့ကြောင့် အခုလို ထွက်သွားတော့မယ်ဆိုတဲ့အခိုက်အတန့်မှာ ဘယ်သူကများ ဝမ်းမနည်းဘဲ နေနိုင်ပါ့မလဲ။ ဒါပေမဲ့ သူကတော့ မားတို့ထင်နေသလို ဝမ်းနည်းနေတာမျိုးတော့မဟုတ်။ နာကျင်ခြင်းတွေရောစပ်နေတဲ့ ဒေါသမီးလျှံလေးက သူ့ကို ဖြည်းဖြည်းချင်းစီ လောင်မြိုက်စေနေတာဖြစ်သည်။
တကယ်ဆို အနားမှာ ရှိစေချင်ခဲ့ရုံလေးပဲလေ ... သူတွေးထင်ထားခဲ့သလို ဖို့က သူ့ကို သဘောကျပေမယ့် အချိန်မရွေးစွန့်ပစ်ထားနိုင်တယ်ဆိုတဲ့အသိဟာ အခုတော့ တကယ်ဖြစ်တည်လာခဲ့ပြီဖြစ်သည်။
YOU ARE READING
Can't Be Brother [ Gemini × Fourth ]
Fanfiction" Fot! We Can't Be Brother! " - Gemini • Gemfot Version • ‹ Unicode + Zawgyi › • My Very First Fiction • Update on Every Sat & Sun • Original Ver